6

1.5K 252 14
                                    

သ​ဘောကျသတဲ့ ။

​တောင်​ကိုရီးယားနိုင်​ငံရဲ့​တော်​ဝင်​မင်းသားက​မြောက်​ကိုရီးယား​သွေး​နှော​သောကျွန်​တော့်​အားမြတ်နိုးသတဲ့ ။
အကြင်​နာရိပ်​သန်းတဲ့သူ့မျက်​ဝန်း​တွေကိုယုံကြည်​ချင်​ပါ​သော်​လည်း အ​တွေးထဲမှာ​တော့ မဖြစ်​နိုင်​ဘူး မယုံသင့်​ပါဘူးလို့ပဲအခါခါငြင်း​နေမ်ိသည်​။
​တော်​ဝင်​သွေးချင်း​ပေါင်းစည်းရင်​တောင်​မြဲဖို့ခက်​တဲ့သူတို့လုိအဆင့်​အတန်းမျိုးက ကျွန်​တော့်​လို​ဘောင်​မဝင်​တဲ့အဆင့်​အတန်းမျိုးကို အမှန်​တကယ်​ချစ်​ခင်​စုံမက်​ဖို့ဆိုတာ အိမ်​မက်​ထဲမှာ​တောင်​ဖြစ်​နိုင်​ပါ့မလား​လေ ။

သ​ဘောကျတယ်​လို့​ပြောခဲ့တာ.....ချစ်​ပါတယ်​လို့ဝန်​ခံခဲ့တာလည်းမဟုတ်​ဘူး​လေ ။

ဟိုတနေ့က အလှမွေးငါးကန်ဘေးမှာ မင်းသားဖွင့်ဟခဲ့တဲ့စကားသံတွေကိုပဲ နားထဲထပ်တလဲလဲကြားယောင်နေမိတယ် ။ တသက်နဲ့တကိုယ် ဘယ်သူဘယ်ဝါကမှ မိမိအား ချစ်ခင်စုံမက်ဖို့နေနေသာသာ ဂရုစိုက်ကြင်နာမည့်သူတောင် မရှိခဲ့ဖူးသည်မို့ ဒီစကားဟာ ကျွန်တော့်အတွက်တော့ အာရုံတခုလုံးကိုနေရာလပ်မရှိအောင်လွှမ်းမိုးထားဖို့လုံလောက်တဲ့စကားတခွန်းပဲ။

"ကိုယ် မင်းကို သဘောကျတယ် Chan ''

"မင်းကို သဘောကျတယ် "

"Chan '' ......''Chan '' တဲ့ ။

သြဇာသံလွှမ်းသည့် နာမည်အခေါ်အဝေါ်တခုက နောက်တခါ ထပ်ကြားချင်လာမိသည်အထိ ကျွန်တော့်နားထဲ နားဝင်ချိုနေခဲ့တယ် ။ ရေရွတ်သူက မြင့်မြတ်တဲ့တော်ဝင်မင်းသားပေမို့လား....။

"Chan "

တောင့်တနေမိစဉ်မှာပဲ နားထဲကြားယောင်လာမိတဲ့သူ့အသံ ။
ကျွန်တော်တော့ ခက်တော့တာပါပဲ ။ အဲ့ဒီလောက်ထိ စိတ်ထဲစွဲလမ်းမနေသင့်ပါဘူးလေ ။

နားထဲကြားယောင်နေသောအသံကိုမကြားဟန်သာဆောင်ရင်း လုပ်လက်စ ပန်းမန်ရေလောင်းပျိုးနုတ်ခြင်းကိုသာ အာရုံထားပြီးဆက်လုပ်နေလိုက်တော့တယ် ။ ဒီနေ့အတွက် ကျွန်တော့်တာဝန်က စံအိမ်အနောက်ဘက်ခြမ်းက ပန်းဥယျာဉ်ကို တကိုယ်တည်းပျိုးနုတ်ပေါင်းသင်ခြင်းပဲ။

Royal Universe(KRISYEOL)Where stories live. Discover now