မြို့တော်ခန်းမတွင်း၌တော်ဝင်မင်းသားWu Yifanနှင့်မြောက်ကိုရီးယားနိုင်ငံမှ သံတမန်သည်နှစ်နိုင်ငံချစ်ကြည်ရေးအတွက်အစည်းအဝေး ပြုလုပ်နေကြသည်။ နယ်စပ်ဒေသငြိမ်းချမ်းရေးအတွက်ဖြည့်စည်းရန်လိုအပ်သည်များကို ညှိနှိုင်းပြီး ငြိမ်းချမ်းရေးသဝဏ်လွှာ၌ လက်မှတ်ရေးထိုးကြသည်။
အခမ်းအနားပြီးဆုံးသည့်အခါ နယ်စပ်ဒေသအကြီးအကဲကဦးဆောင်၍ မင်းသားနှင့်နောက်လိုက်နောက်ပါများအား တည်းခိုရာနေရာထိုင်ခင်းသို့ ပို့ဆောင်ပေးရသည်။
"အခုလို နယ်စပ်အထိ ကိုယ်တိုင်လာပြီးဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မင်းသားWu "
"နယ်စပ်ဆိုတာလည်း ကိုယ့်နိုင်ငံတွင်းတနေရာပဲလေ...ကိ်ုယ့်နိုင်ငံအရေးဆိုတော့ လာကြည့်ရတာပေါ့ ...အကြီးအကဲရော ..ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်တွေ အဆင်ပြေရဲ့လား"
"ပြေပါတယ်...အရင်လကလည်း သံတမန်ရေးဝန်ကြီးByun ကိုယ်တိုင်လာပြီး ဟိုဘက်နိုင်ငံသံတမန်နဲ့ဆွေးနွေးပါသေးတယ်...ပြီးတော့ဒေသတွင်း အခက်အခဲတော်တော်များများဖြေရှင်းပေးသွားခဲ့လို့ အဆင်ပြေပါတယ်...နယ်စပ်ဒေသခံတွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သေးတာ"
အကြီးအကဲပြောသည်များကိုခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်နေရင်းမှ လက်ရှိနိုင်ငံရေးလောကမှာ မဲဆွယ်မှုအများဆုံးရရှိထားတဲ့ သံတမန်ရေးဝန်ကြီးByun အကြောင်းကို စဉ်းစားနေမိသည်။ကျောထောက်နောက်ခံတောင့်သောလူ ။လာမယ့်ရွေးကောက်ပွဲအတွက်တစ်ပြေးနေသော သမ္မတလောင်းလျာတဦးပင်။
မြို့တော်ခန်းမမှအထွက်ဘေးမှာအမြဲရှိနေသော သက်တော်စောင့်Oh က ကားတံခါးအား အဆင်သင့်ဖွင့်ထားပေးသည်။ ကားထဲသို့မဝင်ခင်ပြည်သူလူထုအားနွေးထွေးစွာ နှုတ်ဆက်ဖို့သည်လည်း မမေ့သင့်သည့်အရာတခု ။ တာဝန်ကျေစွာပင်မျက်နှာထက်ပြုံးပန်းဆင်လျက်နှုတ်ဆက်ပြီးမှ ကားနောက်ခန်းထဲဝင်ထိုင်နေလိုက်သည်။
YOU ARE READING
Royal Universe(KRISYEOL)
FanfictionAbout side pairing from "Royal Universe" in details.