5

1.8K 302 18
                                    

နန်းလျာမင်းသားရဲ့စံအိမ်​တော်​မှာအလုပ်​အ​ကျွေးပြုရင်း​နေထိုင်​နေသည်​မှာ တလခန့်​ပင်​ရှိ​တော့မည်​။ ကုန်​ဆုံးခဲ့တဲ့ရက်​တွေအ​တောအတွင်း ကျွန်​တော့်​အတွက်​ဘာမှထူးထူးခြားခြားမရှိခဲ့ဘူး ။ မနက်​မိုးလင်းတာနဲ့ ဒီစံအိမ်​တော်​ကြီးအတွင်းမှာအလုပ်​လုပ်​ရပြီး စံအိမ်​ကြီးရဲ့ခြံတံတိုင်းကြီးအပြင်​ဘက်​မှာ ဘာ​ရှိမှန်း​တောင်​မသိရတဲ့အဖြစ်​ပါပဲ ။​နေ့ရက်​တိုင်း ပုံစံတူအတိုင်းသာ ရှင်​သန်​နေရသည်​။

နန်းလျာမင်းသားWu Yifanရဲ့အရိပ်​အာဝါသ​အောက်​မှာခိုလှုံရခြင်းက ကျွန်​တော့်​အတွက်​အလုံခြုံဆုံးဖြစ်​ပေမယ့်​ဒီအရိ်​ပ်​က​ပျော်​မွေ့စရာ​တော့မ​ကောင်းလှဘူး ။ အ​မေဖြစ်​သူကိုရှာမည်​ဆို​သောရည်​ရွယ်​ချက်​ကလည်း ဒီ​ရောက်​ကတည်းက တ​ဖြေး​ဖြေးနဲ့​မှေးမှိန်​လာခဲ့ပြီ ။

"Park Chanyeol..အိမ်​တော်​ထိန်းကြီးက မင်းကိုရှာ​နေတယ်​..မြန်​မြန်​သွားလိုက်​ဦး ...​သြော်​....ပြီးရင်​စားဖ်ို​ဆောင်​မှာ​ဆေးလက်​စပန်းကန်​တွေရှိတယ်​...မင်းဆက်​ဆေးလိုက်​ဦး...ပြီးရင်​ခြံထဲကိုပြန်​လာခဲ့ဦး...ခိုင်းစရာရှိ​သေးတယ်​"

"ဟုတ်​ကဲ့ "

​အလုပ်​သမားအသစ်​ဆိုသည့်​အတိုင်း စီနီယာကျတဲ့အလုပ်​သမား​ခေါင်း​ဆောင်​ရဲ့ခိုင်း​စေခြင်းအမျိုးမျိုးနဲ့ပုံစံ​ပေးခံရခြင်းကတဖုံ ။ မင်းသားWuရဲ့သိုဝှက်​မှု​ကြောင့်​သာ ကျွန်​တော်​က​သွေးကွဲလူမျိုးတ​ယောက်​ဖြစ်​တယ်​ဆိုတာကို သူတို့မသိ၍သာဒီ​လောက်​ပဲအနိုင်​ကျင့်​ကြခြင်းဖြစ်​မည်​ဟုကျွန်​တော်​ထင်​မိသည်​။ အကယ်​၍ ကျွန်​တော်​သာ တ​ကောင်​ကြွက်​မြောက်​ကိုရီးယားသားမှန်းသိသွားကြလျှင်​ဒီ​တောင်​ပိုင်းသား​တွေရဲ့နှိမ်​ချဆက်​ဆံခြင်းကို ဒီထက်​ပိုပြီးခံရမည်​မှာမလွဲ ။

အိမ်​တော်​ထိန်းကြီးဆီသို့သွားမိ​တော့ ကျွန်​တော့််​အား တာဝန်​တွေ​ခွဲ​ဝေ​ပေးသည်​။ ပြီး​တော့​နေ့စဉ်​နေ့တိုင်း နန်းလျာမင်းသားရဲ့အိပ်​ခန်း စာဖတ်​ခန်း အသီးသီးကိုရှင်းလင်းရန်​ကျွန်​တော့်​ကိုတာဝန်​ပေးသည်​။
တာဝန်​ပေမယ့်​မငြင်းနိုင်​ပေမယ့်​စိတ်​ထဲတွင်​တော့​ကြောက်​ရွံ့မ်ိသည်​။ အိမ်​ကြီးသခင်​မင်းသားWu Yifanကို​ရော....​နောက်​...ထိုတာဝန်​ကိုယူထားရသည့်​အလုပ်​သမား​ခေါင်း​ဆောင်​၏အမြင်​မကြည်​ခြင်းခံရမည်​ကို​ရော....။​ကြောက်​ရွံ့သည်​။

Royal Universe(KRISYEOL)Where stories live. Discover now