ဆေးလိပ်မီးခိုးငွေ့များလို မှုန်မှိုင်းနေသော အိပ်ရာခင်းကို ကြေတွန့်အောင် လက်သီးဆုပ်ထဲ Moon Bin ဆုပ်ကိုင်ထားသည်။
"မင်းငါ့ကို နည်းနည်းလေးမှ သတိမရပါလား..ဟမ် Eunwoo.."
ခြေမခိုင်တော့ပေမယ့်လည်း တောင့်ခံပြီးရပ်နေသော Eunwoo မှာ ပြောစရာစကားမရှိ တုန်ယင်နေသည်။
Bin ရဲ့ မုန်တိုင်းလို ဒေါသလေထဲ စီးမျောပါသွားမှာ သေမတတ်ကြောက်နေသည်။
သူအမှားလုပ်ထားမှန်းလည်း သူသိသည်။
ထို့ကြောင့်လည်း
ငြိမ်ခံနေရခြင်းဖြစ်သည်။
"ပြောလေ.. မင်း ပြောလေ... မင်းငါ့ကို ကျောင်းလာကြိုဖို့တောင် မေ့နေရတဲ့အထိ အဲ့ဒီကောင်မနဲ့ ဘာတွေများ သာယာနေတာလဲ.. ပြောလေ..မင်း.."
"ငါ...ငါ... တောင်းပန်ပါတယ် Bin ရာ.. စိတ်လျှော့ပါတော့ကွာ.. နော်.. ငါတကယ်တောင်းပန်ပါတယ်.. နောက်မဖြစ်စေရပါဘူး.."
ကတုန်ကယင်တောင်းပန်နေသော်လည်း Bin ဒေါသများမှာ မုန်တိုင်းမှတစ်ဆင့် ဆူနာမီအဆင့်သို့ ရောက်လာသည်။
"မင်းမှားတာ Eunwoo..မင်းမှားတာ... မင်းလာမကြိုလည်း ငါတစ်ယောက်တည်း ပြန်တတ်တယ်.. ငါကလေးမဟုတ်ဘူး.. အေး..မင်းလာကြိုတာကို ခံချင်လို့.. မင်းနဲ့အတူ ပြန်ချင်လို့ ငါပေကပ်ပြီး စောင့်နေခဲ့တာ.. မင်းဂရုစိုက်တာခံချင်လို့.. ဒါပေမယ့် မင်းကတော့.."
အဆက်မပြတ်ပြောနေသော Bin နှုတ်ခမ်းများကို Eunwoo လက်ဖြင့်ကာလိုက်သည်။
"တော်ပါတော့ Bin.. ဆက်မပြောပါနဲ့တော့.. ငါတကယ် မခံစားနိုင်တော့လို့ပါ.. ဆက်မပြောပါနဲ့တော့.."
Eunwoo လက်ကို ခါချပြီး အကျႌကော်လံကို ဆွဲကိုင်လိုက်သည်။
"အဲ့ဒီ မင်းသမီးနဲ့ မင်းဘာတွေဖြစ်ခဲ့လဲ.. ဟမ်.. ဘာတွေဖြစ်ခဲ့လဲလို့.. ဘာတွေဖြစ်ခဲ့လို့ မင်းငါ့ကိုတောင် မေ့နေခဲ့ရတာလဲ..ဟမ်.."
"မဟုတ်ဘူး Bin အဲ့လိုမဟုတ်ဘူး.. ငါနာရီကို မကြည့်မိခဲ့တာ.. ဘယ်နှနာရိီရှိနေမှန်း မကြည့်မိခဲ့လို့ ဖြစ်သွားတာပါ.. ငါမင်းကို ဘယ်တော့မှ မမေ့ပါဘူး Bin ရာ.."