ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ Bin ဟာ Eunwoo ကားရှေ့ရောက်နေပြီဖြစ်သည်။
"ငါကတော့ ကျောင်းမှာစာသင်နေရ.. မင်းကတော့ ဒီမှာ သာယာနေတယ်ပေါ့ ဟုတ်လား..Eunwoo..!!"
ကားတံခါးကိုဆွဲဖွင့်ပြီး ဒေါသမာန်ဖြင့် အော်လိုက်သောကြောင့် မင်းသမီးပါ ကြောင်သွားသည်။
"Cut..."
Director ၏ အသံလည်း ဒေါသအနည်းငယ် ရောထွေးနေသည်။
"ကျွန်တော်တောင်းပန်ပါတယ်ဗျ.."
Director ကိုတောင်းပန်ပြီး Bin လက်ကိုဆွဲကာ ရိုက်ကွင်းနှင့်ဝေးရာသို့ ခေါ်ထုတ်လာသည်။
လက်ကိုဆောင့်ချလွှတ်လိုက်ပြီး မာန်ပါပါဖြင့်မေးသည်။
"မင်းကရော ဘာလာလုပ်တာလဲ Bin.. ငါ့အလုပ်မှာ မနှောင့်ယှက်နဲ့လို့ ပြောထားတယ်လေ.."
"ရုပ်ရှင်ရိုက်နေမှန်း.... မသိလိုက်ဘူး.."
မီးမှောင်ချထားသော ကားကို ရုတ်တရက်တွေ့လိုက်ရတော့ ရုပ်ရှင်ရိုက်နေမှန်း Bin မသိလိုက်ပဲ ဒေါသကို ထိန်းမရဖြစ်ကာ အော်လိုက်မိခြင်းဖြစ်သည်။
"မင်းကွာ.."
"ငါ့မှာတော့ ကျောင်းတက်နေရပြီး မင်းကတော့ အဲ့ကောင်မနဲ့ ပျော်နေတယ်လို့ ထင်လိုက်တာ..."
"Bin မင်းရဲ့ ကလေးစိတ်ကို ပြင်ပါတော့ကွာ.. နော်.."
"မင်းလည်း အဲ့ဒီကားကို မရိုက်နဲ့ကွာ... ငါမကြိုက်ဘူး.."
ကလေးလိုကျီကျနေသော Bin ပုံစံမှာချစ်ဖို့ကောင်းလှသော်လည်း စိတ်ရှုပ်နေသော Eunwoo အတွက်တော့ မဟုတ်လှ။
"Bin ငါ ဒီအလုပ်ကို မင်းအတွက်လုပ်နေတယ်ဆိုတာ သိတယ်မဟုတ်လား.. ကလေးဆန်တာလေးနဲ့ သဝန်တိုတာလေးတွေကို လျှော့ပြီး ငါ့ကိုနားလည်ပေးပါလား...ဟမ်.."
လေသံကိုလျှော့ပြီး အေးဆေးရှင်းပြရပြန်သော Eunwoo.
ကလေးကို ဟောက်လိုက်၊ ချော့လိုက် လုပ်နေရသော Eunwoo အလုပ်မှာ Stress များသည့် မင်းသားအလုပ်ဆိုသော်လည်း Moon Bin အတွက် ဆိုလျင်တော့ ဘယ်သောအခါမှ မငြိုငြင်ခဲ့ပါ။
ဤမျှချစ်ရပါသော Eunwoo အချစ်ကို ကလေးလို နေရာတကာ လိုက်သဝန်တိုနေသော Bin ၏ အကျင့်မှာလည်း မပျောက်သေး။