ဂျယ်ဂျူဒိုကျွန်းသို့ရောက်ရှိချိန်မှာ နေခြစ်ခြစ်တောက် ပူနေသော နေ့လည် ၁၂ နာရီဖြစ်သည်။
ကားပေါ်မှဆင်းလာသောသူများအားလုံး နေပူရှိန်ကြောင့် မျက်နှာများရှုံ့မဲ့သွားကြသည်။
ရိုက်ကူးရေးသမားများ လိုအပ်သောပစ္စည်းများကို သယ်ကာ တည်းခိုမည့် Hotel ထဲသို့ ဝင်သွားကြသည်။
ဒါရိုက်တာလည်း Hotel ထဲဝင်သွားပြီး ကြိုတင် Booking ယူထားသော အခန်းများကို မေးမြန်းနေသည်။
"Eunwoo တို့ လာကြလေ.."
"ဗျာ.. ဟုတ်.."
အသီးသီးအခန်းများစီစဉ်ပေးပြီးနောက် ဒါရိုက်တာလည်း သူ့အခန်းသူသွားကာ အနားယူတော့သည်။
ညနေမှ စတင်ရိုက်မည်ဟုပြောပြီး အားလုံးကို ခရီးမှရောက်ရောက်ချင်း အနားယူစေခဲ့သည်။
Eunwoo လည်း တည်းရမည့်အခန်းသော့ကိုယူကာ ဝင်သွားလိုက်သည်။
သက်ပြင်းခပ်ကျယ်ကျယ်ကို မှုတ်ထုတ်ပြီး ကုတင်ပေါ် ပစ်လဲချလိုက်သည်။
ခဏတာ မှိတ်ချလိုက်သော မျက်ခွံများဟာ ဘယ်အချိန်ကတည်းက လေးလံနေသည်မသိ။
လမ်းတစ်လျှောက်ကြိုးစားဖွင့်လာခဲ့သော မျက်ခွံများသည် ချက်ချင်းဆိုသလို မှိတ်ကျသွားသည်။
ခရီးပန်းခဲ့သော Sign ဟာ ယခု နှစ်ခြိုက်စွာ အိပ်မောကျနေခြင်းပင်ဖြစ်သည်။
နေ့လည်ထမင်းစားချိန်ကျော်တော့ Eunwoo ပြန်နိုးလာသည်။
ဖရိုဖရဲထကာ နာရီကိုကြည့်လိုက်တော့ နေ့လည် ၂နာရီ စွန်းစွန်းရှိနေပြီဖြစ်သည်။
အခန်းထဲမှထွက်ကာ ဟိုသည်ဝေ့ပတ်ကြည့်လိုက်တော့ ဒါရိုက်တာကြီးက လက်ယှမ်းပြကာခေါ်နေသည်။
"တစ်ခုခုစားဦးလေ.. ငါတို့အားလုံးစားပြီးပြီ.. မင်းပဲကျန်တော့တာ..."
"ဟုတ်.."
Hotel မှ ခင်းကျင်းထားသော အသင့်နေ့လည်စာကို ဗိုက်ဆာဆာနှင့် မြိန်ရေရှက်ရေ စားလိုက်သည်။
"၄နာရီကျရင် စမယ်နော်.."
Eunwoo ခေါင်းငြိမ့်ရုံသာငြိမ့်ပြလိုက်ပြီး နာရီကိုကြည့့်လိုက်တော့ ၂နာရီခွဲပင်ရှိသေးသည်။