Part 8

182 14 2
                                    

မီးရောင်များနှင့်ပြည့်နေသော လမ်းမကျယ်ကြီးတွင် ကားပေါင်းစုံများ တဝီဝီ ဖြတ်သန်း မောင်းနှင်နေကြသည်။

ထိုကားထဲတွင် Eunwoo မောင်းနေသော ကားလေးလည်း အပါအဝင်ဖြစ်သည်။

စောနကရုတ်တရက်အနမ်းကြောင့် အခုထိဘာစကားမှ မပြောကြသေးတဲ့ နှစ်ယောက်ကြားတွင် လေထုက အေးစက်နေဆဲပင်။

Bin မှာတော့ ပြုံးစိစိဖြစ်နေပေမယ့် Eunwoo မှာတော့ ရှက်လွန်း၍ မျက်နှာပင် ဘယ်နားထားရမှန်းမသိ။

မောင်းလာရာကနေ ရောက်ခါနီးလာပြီ။

ကားကိုအရှိန်လျှော့ကာ Car Parking ထဲထိုးဆင်းပြီး နေရာရရန် မျက်စိတဝှေ့ကြည့်လိုက်သည်။

နှစ်ယောက်လုံး Parking အတွက် နေရာရရန် ဘယ်ညာ ကြည့်နေရင်းက အကြည့်ချင်းဆုံမိသွားကြသည်။

Bin ဘက်က ပြုံးစိစိပြန်ဖြစ်လာပြီး Eunwoo ကတော့ ရှက်နေဆဲပင်။

မင်းသားလုပ်တုန်းကတောင် အဲ့လောက်ရှက်မည်မထင်။

ယခုအဖြစ်က ပိုဆိုးနေသယောင်ရှိသည်။

လွတ်နေသောနေရာတစ်နေရာတွေ့တော့ Eunwoo ကားကို ထိုနေရာသို့ ဦးတည်လိုက်သည်။

ထို့နောက် Parking ထိုးကာ ကားပေါ်မှ ရှက်ကိုးရှက်ကန်းဖြင့် အရင်ဆင်းသွားသည်။

Bin ကိုပင် မစောင့်တော့ပဲ ဓာတ်လှေကားထဲ အရင်ဝင်သွားတော့သည်။

သို့သော် Bin ကလည်း ရန်ဖြစ်ကျွမ်းသူပီပီ လျင်မြန်သွက်လက်လွန်းတာကြောင့် ဓာတ်လှေကားခလုတ်ကို အမှီနှိပ်နိုင်ခဲ့သည်။

ဓာတ်လှေကားထဲ Bin ဝင်လာတော့ Eunwoo မျက်နှာများပျက်သွားသည်။

မျက်နှာတစ်ပြင်လုံး နီရဲတွတ်သွားတာကို Bin သတိထားမိ၍ ပြုံးတော့သည်။

ဓာတ်လှေကားထဲ နှစ်ယောက်သာရှိတာမို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းရန် Eunwoo အနားသို့ တဖြည်းဖြည်း တိုးသွားလိုက်သည်။

Eunwoo ကလည်း ဟိုဘက်တိုးကာရှောင်ပေမယ့် နောက်ဆုံးတိုးစရာမရှိတော့သောအခါ ရပ်လိုက်ရသည်။

Always YouHikayelerin yaşadığı yer. Şimdi keşfedin