Zawgyi
"အ!!!!..."
ငါဟာ အခုလေးတင်အနောက်ကနေ အတွန်းခံလိုက်ရတဲ့ တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားလေတာဖြစ်တယ်...ရယ်သံတွေပေါ်ထွက်လာချိန်မှာ ငါဟာ စတေ့ခ်ျစင်ကို မျက်နှာအပ်ပြီး လဲကျသွားလေမှန်း ကိုယ့်ကိုကိုယ်နားလည်လိုက်ရလေတော့တယ်... ခေါင်းကိုမော့လိုက်ချိန်မှာ ငါဟာ စတေ့ခ်ျစင်အောက်ကများစွာသော မျက်နှာတွေကိုတွေ့လိုက်ရလေတော့တယ်...- တချို့ဟာ ငါ့ကို သနားဟန်နဲ့ ကြည့်နေကြလေပြီး တချို့လူတွေဟာ ငါ့ကို လှောင်ပြုံးတွေနဲ့ လှောင်ရယ်နေကြလေကာ တစ်ချို့တွေကတော့ ငါလဲကျသွားတာကို သဘောကျနေကြလေတယ်...
ထိုတခဏလေးမှာပဲ ငါ့ရဲ့စိတ်ဝိဥာဉ်ထဲကို အချက်အလက်တွေဟာ ၀င်ရောက်လာတော့တယ်... ဇာတ်လမ်းရဲ့ ဇာတ်လိုက်ဟာ မီမီအန်းန်ဆိုတဲ့ သီချင်းရေးဆရာဖြစ်လာဖို့ အိမ်မက်ရှိလေတဲ့ အသက်၁၈နှစ်အရွယ် အမျိုးသမီးလေးဖြစ်လေတယ်... သူမလမ်းမလျှောက်တတ်ခင်အရွယ်မှာတင် မိဘနှစ်ပါးကို ဆုံးရှုံးလေခဲ့ရတာကြောင့် မီမီအန်းန်ဟာ မွေးစားမိဘတွေလက်ထဲမှာသာ ကြီးပြင်းလာရလေတယ်... ကြမ်းတမ်းပြီး ခွင့်လွှတ်ခြင်းကင်းမဲ့တဲ့ ကမ္ဘာကြီးမှာတော့ မီမီဟာ သူမရဲ့ တဏှာကြီးတဲ့ မွေးစားဖခင်နဲ့ ရက်စက်တဲ့ မွေးစားမိခင်တို့ကို ရင်ဆိုင်ရလေတော့တယ်...
အသက်ငယ်စဉ်မှာပဲ သူမဟာ မွေးစားဖခင်ရဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုကို ခံလုနီးပါးဖြစ်ခဲ့ရလေပြီး သူမရဲ့ မွေးစားမိခင်ဟာတော့ သူမခင်ပွန်းကို မြူစွယ်တယ်ဆိုတဲ့အချက်နဲ့ သူမကို အပြစ်တင်လေတော့တယ်... သူမရဲ့ မွေးစားဖခင် သူမကို မုဒိန်းမကျင့်လိုက်ခင်မှာပဲ မီမီအန်းန်ဟာ ထွက်ပြေးလာခဲ့ပြီး အသက် ၁၅နှစ်မှာတင် လမ်းမပေါ်မှာ နေထိုင်ရဖို့ဖြစ်လာလေတော့တယ်... ကံကောင်းစွာနဲ့ပဲ သူမဟာ ကြင်နာတတ်တဲ့ အမျိုးသမီးအိုကြီးတစ်ဦးနဲ့ တွေ့ဆုံမိသွားလေပြီး သူမဟာ မီမီ့ကို သူမရဲ့ တေးဂီတတူရိယာဆိုင်ကို ခေါ်လာကာ စောင့်ရှောက်ပေးလေတယ်... ထိုအမျိုးသမီးကြီးကြောင့်သာပဲ မီမီအန်းန်ဟာ တေးဂီတကို ချစ်မြတ်နိုးလာရတော့တာဖြစ်လေတယ်...
YOU ARE READING
7. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-5 (အားလ်ရစ်ချက်ထ်)
Romanceကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...