အခန်း ၂- အားလ်ရစ်ချက်ထ်

18.1K 2.2K 65
                                    

Zawgyi

အမျိုးသမီးငယ်လေး သူမခြေထောက်ပေါ်သူမ ဖြေးဖြေးချင်းထရပ်နေချိန်မှာ ရယ်သံတွေဟာ ပြိုင်ပွဲခန်းမထဲမှာ ဆက်၍သာ ပေါ်ထွက်နေလေတယ်... သူမ မိုက်ခရိုဖုန်းဆီကို ဦးတည်သွားချိန်နေချိန်မှာ အားလုံးဟာ ရယ်နေတာနဲ့တင်အလုပ်များနေခဲ့လေတာကြောင့် ထိုအမျိုးသမီးလေးမျက်နှာပေါ်က ဖက်ရခက်လှတဲ့ အမူအရာကို ဘယ်သူမှ သတိမထားမိလိုက်ကြလေဘူး...

လှောင်ရယ်နေသူတွေဆီက လှောင်ပြောင်မှုအားလုံးကို လက်ခံယူလျက်သာပဲ မီမီအန်းန်ဟာ ရှေ့ဆုံးခုံမှာထိုင်နေတဲ့ စုံတွဲရဲ့ မျက်နှာပေါ်ကလှောင်ပြုံးကို ကောင်းစွာ သတိထားလိုက်မိလေတယ်... ထိုစုံတွဲဟာ သူမရဲ့ သီချင်းစာသားကို ခိုးယူခဲ့သူတွေဖြစ်ပြီး စောစောကလေးတင်မှ သူမအပိုင် ထိုသီချင်းကိုသူတို့ ဆိုခဲ့ကြလေတာဖြစ်တယ်...

မူလကတည်းကသူတို့နှစ်ဦးဟာ နုံအတဲ့မီမီအန်းန်ကို ချဉ်းကပ်ခဲ့ကြတာဖြစ်လေပြီး ရင်းနှီးဟန်ပြုံးပြခဲ့ကြလေကာ သူမ မကြည့်နေစဉ်အတွင်းမှာတင် သူမရဲ့ သီချင်းစာရွက်ကို ခိုးဖို့ အကွက်ချခဲ့ကြတာဖြစ်လေတယ်... ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူမဆိုဖို့ ရေးထားတဲ့ သီချင်းကို ထိုသူနှစ်ဦးဆိုနေတာကို ကြားလိုက်ရချိန်မှာတော့ မီမီအန်းန်ဟာ သူတို့ရဲ့လှည့်ဖျားခံလိုက်ရမှုအတွက် ယူကြုံးမရဖြစ်သွားခဲ့လေတော့တယ်...

မူလဇာတ်လမ်းအရဆိုလျှင် မီမီအန်းန်ဟာ ထိုစုံတွဲရဲ့ သစ္စာဖောက်မှုကို သည်းခံခဲ့လေပြီး သူမ သီချင်းကို ခိုးယူသွားခြင်းအတွက် ထိုသူနှစ်ယောက်ကို ထိပ်တိုက်ရင်မဆိုင်ခဲ့လေဘူး... ကြင်နာပြီး ရူးမိုက်လှတဲ့ ထိုအမျိုးသမီးလေးဟာ အနည်းငယ်သော်မျှ ရန်စကားမဆိုပါလေပဲ သူတို့နှစ်ဦးကို သူမသီချင်းကို အလွယ်တကူခိုးယူခွင့်ပေးလိုက် လေတာဖြစ်တယ်... ထိုသီချင်းကသာလျှင် သူတို့စုံတွဲကို အမြင့်ရောက်သွားစေတာဖြစ်လေပြီး ဖိုင်နယ်ပွဲကို တက်ခွင့်ရလိုက်လေကာ ပြိုင်ပွဲမှာ နိုင်သွားခဲ့ကြတာဖြစ်လေတယ်...

မီမီအန်းန်ရဲ့ သီချင်းကြောင့်သာလျှင် သူတို့စုံတွဲဟာ တစ်သက်မှာတစ်ခါသော အခွင့်အရေးလို့ဆိုရလောက်တဲ့ RE Label ရဲ့ နာမည်အကြီးဆုံး အမျိုးသမီးအနုပညာရှင်နဲ့ လက်တွဲလုပ်ဆောင်ခွင့်ရလိုက်လေကာ ထိုသီချင်းဟာ ကမ္ဘာ့ထိပ်တန်း သီချင်းစာရင်းမှာ နံပါတ်တစ်ဖြစ်သွားခဲ့လေပြီး အောင်မြင်လာခဲ့ကြလေတော့တာ ဖြစ်လေတယ်...

7. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-5 (အားလ်ရစ်ချက်ထ်)Where stories live. Discover now