အခန်း ၁၆- အားလ်ရစ်ချက်ထ်

17.2K 1.5K 23
                                    

Zawgyi

"အိုး...ဘုရားရေ"

ငါဟာ နာကြင်စွာနဲ့အော်ညည်းလိုက်မိတယ်... သေနတ်အပစ်ခဲ့ရတာဟာ ဇာတ်လမ်းတွေထဲမှာ မြင်ရတုန်းက နာကြင်မယ်လို့ထင်ရတဲ့ခံစားချက်ထက်ကို အများကြီး ပြင်းထန်လေတာပဲဖြစ်တယ်...

Bob: "ပြန်လာတာကိုကြိုဆိုပါတယ်..."

"Bob ရှင် ငါ့ကို ဒေါ်လာ ၂သိန်းထက်သာ လျော့ပြီးပေးရဲပေးကြည့်... ငါ ဂိမ်းကိုဆက်မကစားပဲ ရပ်လိုက်တော့မယ်..."

Bob: "..."

"ငါပြောတာကြားလား???..."

Bob: "ဘာကိစ္စများ ဈေးကို နှစ်ဆတင်လိုက်ရတာတုန်း??? အထူးသဖြင့် ဂိမ်းကို မင်းနိုင်လဲ မနိုင်လိုက်ပဲနဲ့..."

"ဘာကိစ္စ ငါကမနိုင်ရမှာတုန်း???...ငါက အားလ်ရစ်ချက်ထ်ကိုသာမကဘူး... အဲ့ဒီရူးနေတဲ့ ဂျေဒန်ခေးကိုပါ ငါ့ကို တမ်းတမ်းစွဲလာအောင် လုပ်နိုင်ခဲ့တာလေ..."

Bob: "ဒါက မင်းက ဇာတ်လိုက်ဖြစ်နေတာကိုး..."

"ချီးပဲ... ဇာတ်လိုက်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်လေ... ယောကျာ်းနှစ်ယောက်တောင် ငါ့ကို စွဲလမ်းခဲ့တယ်ဆိုတဲ့အဓိပ္ပါယ်က ငါ နှစ်ဆရသင့်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲပေါ့..."

Bob: "..."

"ငါဇာတ်သိမ်းကိုသိတယ်နော်... ငါ့ကိုလာလိမ်ဖို့မကြိုးစားနဲ့..."

______

မီမီအန်းန်သေဆုံးသွားပြီးနောက်မှာ ငါဟာဇာတ်လမ်းရဲ့ဇာတ်သိမ်းကိုသိလိုက်ရလေတယ်...

အမျိုးသားဇာတ်လိုက်ဟာ မီမီအန်းန်ကို အပိုင်ရဖို့ဆိုတဲ့ ရူးသွပ်နေတဲ့အတွေးရှိခဲ့သော်ငြား သူမကိုပစ်သတ်ဖို့တော့ သူမရည်ရွယ်ခဲ့လေဘူး... သူမရဲ့သေဆုံးမှုဟာ တကယ့်ကိုပဲ ကံမကောင်းတဲ့
မတော်တဆမှုသာဖြစ်လေတယ်...

ဒါပေမယ့်လည်း ဥပဒေဟာတော့ အပြစ်ကင်းတဲ့အမျိုးသမီးတစ်ဦးကို သတ်လိုက်တဲ့ ထိုသူ့ကို လွတ်မြောက်ခွင့်မပေးလေဘူး... သူ့ရဲ့ သေလောက်အောင်ကျူးလွန်သွားမိတဲ့အမှားကိုနားလည်နေတာနဲ့အတူ ဂျေဒန်ခေးဟာ ဖမ်းဆီးတာကို အသာတကြည်လက်ခံလေတယ်...

7. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-5 (အားလ်ရစ်ချက်ထ်)Donde viven las historias. Descúbrelo ahora