အခန်း၅- အားလ်ရစ်ချက်ထ်

16K 1.8K 12
                                    

Zawgyi

LAX (လော့စ်အိန်ဂျလီစ်ရဲ့ လေဆိပ်) ရဲ့ မနက်စောစောအချိန်မှာတော့ မီမီဟာ လေယာဉ်ထဲကနေ သာမန် Jogger နဲ့ အနက်ရောင် Hoodie ကြီးအောက်မှာ အဖြူရောင် တီရှပ်လေးကို ၀တ်ကာထွက်လာခဲ့လေတာဖြစ်တယ်... ကြီးမားလှတဲ့ Aviator Rayban မျက်မှန်ကိုတပ်ထားလေသော်ငြား တချို့လူတွေဟာတော့ မီမီလျှောက်သွားချိန်မှာ သူမကို သတိထားမိသွားကြလေတော့တယ်...

"အိုးမိုင်ဂေါ့... ငါထင်နေတဲ့ သူပဲမဟုတ်လား???..."

"မဖြစ်နိုင်ဘူး... မီမီအန်းန်က ချီကာဂိုမှာပဲရှိနေရမှာလေ ဟုတ်တယ်မလား??..."

ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲဟာ မီမီ့ကို ချဉ်းကပ်လာပြီး ဓါတ်ပုံရိုက်ဖို့နဲ့ လက်မှတ်လာမတောင်းခင်မှာ တုံ့ဆိုင်းနေကြသေးလေတယ်... မီမီဟာ ဒီအခြေအနေကို အစမှာတော့ သဘောကျသွားလေပြီး ပရိသတ်ရဲ့ တောင်းဆိုချက်မို့ လက်ခံပေးဖို့ရာ ဆုံးဖြတ်လိုက်လေသေးတယ်... မိနစ်အနည်းငယ်ကြာသွားချိန်မှာတော့ တခြားလူတော်တော်များများပါ သူမကို ချဉ်းကပ်လာလေတာကို မီမီ သတိထားသွားမိလေတာမို့ လူအုပ်ကြီးအဖြစ် စုဝေးမလာခင်မှာ သူမ ထွက်ပြေးဖို့ကြိုးစားလေတော့တယ်...

သူမဟာ လေဆိပ်ရဲ့ terminal ကနေ ထွက်ထွက်ပြီးချင်းမှာတော့ တက္ကဆီစီးဖို့ရာ တွေးခဲ့လေသော်ငြား ရင်းနှီးနေကျ အသံတစ်သံဟာ သူမကို ခေါ်လာလေတော့တယ်... လှည့်ကြည့်လိုက်ချိန်မှာတော့ ချိုမြိန်တဲ့အမူအရာနဲ့ အမျိုးသမီးအိုကြီးဟာ သူမရဲ့ ချစ်စရာ beetle ကားအ၀ါလေးဘေးမှာ ရပ်နေတာကို မီမီတွေ့လိုက်ရလေတော့တယ်... အဲလီစ်ဆီကို ပြေးသွားလိုက်လေရင်း မီမီဟာ ထိုအမျိုးသမီးအိုကြီးကို အကြီးကြီးဖက်ထားလိုက်လေတော့တယ်...

"အိမ်ပြန်လာတာကို ကြိုဆိုပါတယ်..."
အဲလီစ်ဟာ မီမီ့ရဲ့နောက်ကျောကို သပ်ပေးနေလေရင်းဆိုလေတယ်...

မီမီဟာ အဲလီစ်သူမကို လာကြိုခြင်းအတွက်ကျေးဇူးတင်လို့အပြီးမှာတော့ ထိုအမျိုးသမီးအိုကြီးဟာ သူမကို ကားထဲမှာနေရာချပေးလိုက်လေရင်း တူရိယာဆိုင်ရဲ့အပေါ်ထပ်မှာရှိတဲ့ အရင်သူမနေခဲ့ဖူးတဲ့ တိုက်ခန်းလေးကို ပြန်ခေါ်လာလေတော့တယ်... မီမီဟာ ထိုအမျိုးသမီးကြီးကို သူမရဲ့ တူရိယာဆိုင်ကိုရောင်းချပြီး ပိုပြီးကြီးမားတဲ့နေရာကို ၀ယ်ပေးဖို့ အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့လေသော်ငြား အဲလီစ်စမစ်ထ်ဟာ ငြင်းဆန်ခဲ့လေပြီး မီမီ့ကို ကိုယ့်ပိုက်ဆံကိုကိုယ့်ဘာသာစုဆောင်းထားဖို့ရာသာပြောခဲ့လေတာဖြစ်တယ်...

7. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-5 (အားလ်ရစ်ချက်ထ်)Onde histórias criam vida. Descubra agora