Zawgyi
မီမီဟာအားလ်ရစ်ချက်ထ်နဲ့လက်ထပ်ဖို့ရာကို များမကြာခင်မှာပဲ သဘောတူလိုက်လေတော့တယ်... ဒီကစားပွဲမှာ သူမရဲ့ ပစ်မှတ်ဟာ ဒုတိယဇာတ်လိုက်ဖြစ်လေတဲ့အပြင် သူမရဲ့ ရည်ရွယ်ချက်တစ်ခုလုံးဟာလည်း ထိုအမျိုးသားကို ဖမ်းစားရယူနိုင်ဖို့ပါပဲ...
ဒီအတွက်ကြောင့် ဘာကြောင့်များ ဒီကစားပွဲအတွက် အချိန်ကြန့်ကြာအောင်၊ ခက်ခဲနေလေအောင် လုပ်ရပါတော့မလဲ???အထူးသဖြင့် ဒုတိယဇာတ်လိုက်ဟာ သူမနဲ့ လက်ထပ်ဖို့ရာ ဆက်တိုက်ဆိုသလိုတိုက်တွန်း နေလေတယ်မဟုတ်ပါလား...
သူမကို သူအရူးအမူးဖြစ်နေသည်ဖြစ်စေ၊ သူမရဲ့ ဇာတ်လိုက်အရှိန်အ၀ါဟာ ထိုအမျိုးသားကို တောင့်မထားနိုင်လောက်အောင် ဆွဲဆောင်နေတာပဲဖြစ်စေ မီမီဟာ ရှေ့ဆက်ဖို့ကိုသာ ဆက်လုပ်တော့မှာဖြစ်တယ်... သူမရဲ့သဘာဝဟာ တုန့်ဆိုင်းနေတတ်သူမဟုတ်လေတဲ့အတွက် သူမဟာနောက်လှည့်မကြည့်လေတော့ပဲ ရှေ့ကိုသာ ဆက်လျှောက်တော့တာဖြစ်တယ်...
ဒီလက်ထပ်ပွဲအကြောင်းအရာဟာ ကမ္ဘာနဲ့ချီပြီး ကျော်ကြားသွားတော့တာဖြစ်တယ်... အားလ်ရစ်ချက်ထ်ဟာ ၂၂နှစ်အရွယ် ငယ်ရွယ်တဲ့ DJ လေးထက် ဆယ်နှစ်ကြီးနေခဲ့တာဖြစ်တယ်...
ဒီလက်ထပ်ပွဲဟာ အတွေ့အကြုံမရှိတဲ့ မီမီအန်းန်ရဲ့ အဆုံးသတ်နဲ့ တဏှာရာဂကြီးတဲ့အားလ်ရစ်ချက်ထ်ရဲ့ အဆုံးသတ်ကလွဲပြီး အခြားမဟုတ်လေဘူးလို့ အားလုံးဟာ ယုံကြည်ထားကြလေတယ်...
သို့သော်ငြား အားလ်ရစ်ချက်ထ်ဟာ တစ်ကမ္ဘာလုံးရဲ့ သူ့အပေါ်အမြင်ကို လုံးဝ ဂရုမစိုက်လေဘူး...ခန့်ညားလှတဲ့ အသံသွင်းကုမ္ပဏီရဲ့ သူဌေးဖြစ်လေတဲ့သူ့အတွက်ကတော့ သူဟာ DJအမျိုးသမီးလေးအပေါ် စစ်မှန်စွာကျရှုံးမိသွားတာဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်ကိုသာမက သူမရဲ့ စိတ်နှလုံးကိုပါ ရယူချင်တာဖြစ်လေတယ်...
လက်ထပ်ခြင်းကသာ မီမီအန်းန်နဲ့ သူ့ကို တွယ်နှောင်ပေးထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်မှန်း အားလ်ရစ်ချက်ထ်နားလည်လေတယ်...
သူမလဲ သူ့အတိုင်းခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ အချိန်ကျလာရင်တော့ သူမဟာ သူ့အပေါ် တူညီတဲ့ ခံစားချက်ဖြစ်ပေါ်လာလိမ့်လေမယ်လို့ အားလ်ရစ်ချက်ထ် ယုံကြည်ထားလေတယ်...
أنت تقرأ
7. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-5 (အားလ်ရစ်ချက်ထ်)
عاطفيةကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...