အခန်း ၁၄- အားလ်ရစ်ချက်ထ်

15.5K 1.6K 17
                                    

Zawgyi

"မီမီ!!!!..."

ဒါဟာ အားလုံးမေ့လုနီးပါးဖြစ်နေကြတဲ့ ဇာတ်လမ်းရဲ့ အဓိကအမျိုးသားဇာတ်လိုက် ဂျေဒန်ခေး ပါပဲ...

မီမီနဲ့ ဒုတိယဇာတ်လိုက်ကြားက ပတ်သတ်မှုဟာ ပုံမှန်နှုန်းထားအတိုင်း ဆက်ဖြစ်ပွားနေစဉ်မှာ အဓိကအမျိုးသား ဇာတ်လိုက်ဟာ အလိုလိုအမှီလိုက်လာလေတော့တယ်... သူ့ရဲ့ရည်းစားနဲ့ လတ်တလောတင် ပြတ်ဆဲသွားလေတဲ့ တစ်ဖက်မှာ မီမီဟာ အဆင်သင့်ဆိုသလို RE Label ကို အ၀င်အထွက်လုပ်ရင်း ပေါ်လာလေတာဖြစ်တယ်...

မီမီဟာ အသံသွင်းကုမ္ပဏီရဲ့ ပိုင်ရှင်ဆီကို တိတ်တဆိတ်လျှို့ဝှက်စွာလာရောက်နေချိန်မှာ အဓိကအမျိုးသားဇာတ်လိုက်ကတော့ မီမီ့ကို သီချင်းရေးဖို့အတွက် ရောက်လာခြင်းဖြစ်တယ်လို့ ထင်နေခဲ့လေတယ်...

သူမရဲ့ အရည်အချင်း၊ ပါရမီနဲ့ နာမည်ကျော်ကြားမှုကို နားလည်နေတဲ့အတွက် ဂျေဒန်ခေးဟာ သူမနဲ့ collaboration လုပ်ဖို့ရာ ရသမျှနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလေတာဖြစ်တယ်... သူအစကထင်ခဲ့တာကတော့ မီမီဟာ သူနဲ့အလုပ်တွဲမလုပ်ခြင်းဟာ သူ့ကိုပိုင်စိုးပိုင်နင်းလိုက်ကပ်နေခဲ့တဲ့အရင်ရည်းစားကြောင့်လို့ပေါ့... သူဟာ သူ့ရဲ့ တွယ်ကပ်လွန်းတဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီးနောက်မှာတော့ မီမီ သူ့ကိုရှောင်နေခြင်းဟာ မရှိလောက်တော့ဘူးလို့ သူထင်ခဲ့တာဖြစ်လေတယ်... သူမသိတာကတော့ သူ့ရဲ့အပြုအမူတွေဟာ မီမီ့ကို ပို၍သာ မနှစ်မြို့စေတယ်ဆိုတာ ဖြစ်တယ်...

"မီမီ... စောင့်ပါဦး..."

မီမီဟာ ဂျေဒန်ခေးနဲ့ မပတ်သတ်ချင်သော်ငြား သူမဘယ်လောက်ပဲ သူ့အပေါ် အေးစက်စက်နဲ့ ငြင်းပယ်ဖို့ကြိုးစားစား ထိုသူဟာ လက်လျော့ဖို့ လုံးဝ မစဉ်းစားလေဘူး... သူမရဲ့ အဓိကဇာတ်လိုက်အမျိုးသမီးဆိုတဲ့ ဇာတ်ကောင်ဟာ ထိုအမျိုးသားနဲ့ သူမကို နီးကပ်စေတဲ့ နှောင်ဖွဲ့မှုဖြစ်လေတယ်ဆိုတဲ့အချက်ကို စိတ်ပျက်နေတာနဲ့အတူ မီမီဟာ ထိုသူ့ကို ဆက်၍သာ လျစ်လျူရှုလေတော့တယ်...

ဒီအချက်ဟာ- တကယ်ကတော့ အသုံးမ၀င်လေဘူး... မကြာမီမှာပဲ ဂျေဒန်ခေးဟာ သူမရဲ့ လက်မောင်းတွေကို လာဖမ်းဆွဲလေပြီး သူမထွက်သွားတာကို တားလေတော့တယ်...

7. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-5 (အားလ်ရစ်ချက်ထ်)Où les histoires vivent. Découvrez maintenant