Chapter ( 10 )

12K 1.1K 25
                                    

Unicode

**********

ရန်ကုန်မြို့ရဲ့ ဆောင်းနံနက်ခင်းက ထင်သလောက် မအေး ။ နံနက်ခင်း မနက် ( ၇ ) နာရီခန့်သာ ရှိသေးသည်မို့ မြူငွေ့တစ်ချို့ ရှိနေသည်။

မှန်တွေ ကာရံထားသော နယုန်မိုးအိမ်၏ ဧည့်ခန်းမှတဆင့် ဖြာကျနေသော နေရိပ်က ဆောင်းအငွေ့အသက်များကြောင့် စူးရှခြင်းရှိမနေ ။

မြူငွေ့ပါသော လေပြည်များက ခြံထဲက ပန်းပင်ငယ်တစ်ချို့ကို ယိမ်းနွဲ့စေသည်။ မှန်ချပ်၏ အပြင်ဘက်တွင် ချိတ်ဆွဲထားသော အစိမ်းရောင် Dreamcatcher လေးများကလည်း လေပြည်နှင့်အတူ ယိမ်းနွဲ့နေသည်ကို မြင်နေရသည်။ မှန်ချပ်၏ ရှေ့တွင် စားပွဲနှင့် ကုလားထိုင်လေးများချထားသည်။ အစိမ်းရောင် ကူရှင်လေးများရှိသည်။ အားလပ်ချိန်တွင် အိမ်ထဲမှာပင် ထိုင်ရင်း ခြံထဲက ပန်းလေးတွေကို ကြည့်လို့ရသည်။

နယုန်မိုးအပေါ်ထပ်က အောက်ဆင်းလာပြီး နောက် ထိုကုလားထိုင်လေးတွင် သွားထိုင်လိုက်သည်။ စားပွဲပေါ်တွင် ကော်ဖီခွက်နှင့် အသီးတွေက အဆင်သင့်ရှိနေသည်။

ရေချိုးပြီးနောက် တည်မြဲ စီစဉ်ပေးထားသော အဝတ်များဝတ် ၊ နံနက်စာစား ၊ Photoshoot ကို တန်းသွားရသည့် နယုန်မိုး၏ ဘဝက သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်လို ။ နေ့ရက်တစ်ရက်ကို အမြဲတမ်း အချိန်ဇယားဆွဲပြီးသား ၊ အစအဆုံးစီစဉ်ထားပြီးသားအရာများဖြင့် ဖြတ်သန်းရသည်က များသည်။

နာရီအနည်းငယ်သာ ရသော အားလပ်ချိန်များတွင် နယုန်မိုးအိမ်ထဲမှာတင် အချိန်ကုန်တတ်သည်က များသည်။

နယုန်မိုးလို လူတစ်ယောက်အတွက် အိမ်တွင်းအမြဲပုန်းရသည်က မဆန်း ။ အားလပ်ချိန်တိုင်း အိမ်မှာပင် အေးအေးချမ်းချမ်းနေလို့ရအောင် လုပ်ပေးထားသည်က တည်မြဲ၏ အစီအမံများ ။

နယုန်မိုး ကုလားထိုင်လေးတွင် ထိုင်ကာ ခြံထဲကို ကြည့်နေရင်း မျက်လုံးအကြည့်တွေက Dreamcatcher လေးတွေ ဆီကိုရောက်သွားသည်။

ထို Dreamcatcher လေးတွေကို မြင်လိုက်သည်နှင့် နယုန်မိုး တစ်စုံတစ်ယောက်ကို သတိရသွားသည်။

HOPEWhere stories live. Discover now