Author's Note
64.2K 2.2K 10
Unicode
****************
အမှတ်တရ ရှိနေအောင်လို့ Valentine Day ချစ်သူများနေ့မှာ စပြီး Publish လုပ်လိုက်ပါတယ်။ ဒါပေမယ့် ဘယ်နေ့မှာ စရေးဖြစ်မလဲဆိုတာတော့ သေချာ မပြောနိုင်သေးဘူးရယ် ။ ဒါပေမယ့် သူငယ်ချင်းကို ကတိပေးထားတဲ့အတွက် တစ်နေ့နေ့မှာတော့ ပြီးဆုံးအောင် ရေးမှာပါ။
ဒီဇာတ်လမ်းလေးက ဘာမှထူးထူးခြားခြားမဟုတ်ဘဲ သူငယ်ချင်းနဲ့ စကားပြောနေစဉ် နာရီဝက်လောက်လေးအတွင်းမှာ စဉ်းစားမိခဲ့တဲ့ ဇာတ်လမ်းလေးပါ။
အရင်တုန်းကလို သေချာ ပြင်ဆင်ပြီးမှ ရေးထားတဲ့ ဇာတ်လမ်းမျိုး မဟုတ်တဲ့အတွက် လိုအပ်တာတွေ အများကြီး သေချာပေါက်ရှိနေမှာပါ ။
ဒါပေမယ့် ပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ချင်ပါတယ်။ လောဘထားမိပါတယ်။ ငါမျှော်လင့်ထားတဲ့အတိုင်း ရေးနိုင်ရမယ်ဆိုတဲ့ စိတ်တွေ ဖြစ်နေပါတယ်။ အထူးသဖြင့် ဒီဇာတ်လမ်းရဲ့ Character တွေဖြစ်တဲ့ နယုန်မိုးနဲ့ တည်မြဲအပေါ်မှာထားတဲ့ ညမွှေးရဲ့ Expectation က တော်တော်လေးများပါတယ်။ ညမွှေးက ညမွှေးရဲ့ဇာတ်ကောင်တွေကို အရမ်းချစ်ပြီးတန်ဖိုးထားပါတယ်။ စိတ်ကြိုက်ဖန်တီးချင်သလို ပျက်ဆီးသွားမှာလည်း အရမ်းဆိုးပါတယ်။ ကိုယ့်စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အတိုင်း ကွက်တိမရေးနိုင်မှာ အရမ်းကြောက်ပါတယ်။
ဒါပေမယ့် စာဖတ်သူတွေကို ညမွှေးရဲ့ မျှော်လင့်ချက်တွေကို လိုက်ပါစီးမြောပေးဖို့ ဖတ်ခေါ်လိုပါတယ်။
တစ်စုံတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ ပါဝင်နေတဲ့ Stroyline လေးမို့ Story Title လေးကို HOPE လို့ ပေးဖြစ်ခဲ့ပါတယ်။
HOPE အမည်နဲ့ နာမည်တူ ဇာတ်လမ်းများ ရှိနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် တစ်ခုထက်ပိုတဲ့ အမည်တူဇာတ်လမ်းတွေရှိနေခဲ့တဲ့အတွက် စာရေးသူတွေတစ်ယောက်ချင်းဆီကို ညမွှေး ခွင့်တောင်းခြင်းမပြုခဲ့မိတဲ့အတွက် နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်နေပါတယ်။
ပေါ်လိုက် ပျောက်လိုက် ဖြစ်မှာ သေချာနေတဲ့ ဇာတ်လမ်းဖြစ်လို့ Hope အတွက် Roleplayer မထားဖို့ ဆုံးဖြတ်ထားပါတယ်ရှင် ။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
***************
Zawgyi
***************
HOPEDonde viven las historias. Descúbrelo ahora