Chapter ( 15 )

9.6K 1K 17
                                    

Unicode

*******

Last two years ago , လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်

မိုးတဖွဲဖွဲကျနေသည့် မိုးတွင်းအချိန်အခါ ။

မိုးတွင်းအချိန်ပေမယ့် Photo Shoot ရှိနေတဲ့ နယုန်မိုး မနက်အစောကြီးထကာ အလုပ်သွားဖို့ အဆင်သင့်ပြင်ပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။

အိမ်အောက်ထပ်ကိုအရောက် ထမင်းစားခန်းထဲတွင် အသံကြားသဖြင့် ဝင်လာခဲ့သည်။ ထမင်းစားခန်းက လူမရှိသကဲ့သို့ တိတ်ဆိတ်နေသည်။ သို့သော် စားပွဲပေါ်တွင် မနက်စာ စားဖွယ်တို့ အဆင်သင့်ရှိနေသည်။ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရသည့် နယုန်မိုးအတွက် ကျန်းမာရေးအတွက် သင့်လျော်သော နံနက်စာ ။

အိမ်မှာ နယုန်မိုးနှင့် တည်မြဲ နှစ်ယောက်တည်းရှိနေသည့်အတွက် နံနက်စာပြင်ဆင်ထားသည်မှာ တည်မြဲဖြစ်ရမည် ။

နယုန်မိုး ထိုသို့တွေးကာ ထမင်းစားခန်းထဲတွင် ဝင်ထိုင်လိုက်သည်။ လှီးကာ ချပေးထားသော ပေါင်မုန့်ကြမ်းတစ်ချပ်ကို ယူ စားမည်အလုပ် အနောက်ဖက် မီးဖိုခန်းထဲမှ အသံတစ်ချို့ကြားရသဖြင့် မီးဖိုခန်းဘက်ကို နယုန်မိုး ဘာရယ်မဟုတ် ထသွားကာ ကြည့်လိုက်မိသည်။

မီးဖိုးခန်းထဲတွင် အလုပ်ရှုပ်နေသော တည်မြဲကို တွေ့လိုက်ရသည်။ မီးဖိုခန်းထဲတွင် တည်မြဲအလုပ်ရှုပ်နေတာ မထူးဆန်း ။ ထူးဆန်းသည်က တည်မြဲလုပ်နေသော အလုပ်များသာ။

တည်မြဲသည် မုန်လာဥအနီတစ်လုံးကို ကိုင်ကာ ဓားဖြင့် အခွံများကို ခြစ်ချနေသည်။ ထို့နောက် အခွံခြစ်ချထားပြီးသား မုန်လာဥကို အားရပါးရ ကိုက်စားနေသည်။ အလွန်ကြိုက်နှစ်သက်သဖြင့်ကို စားနေသည့် ပုံစံမျိုး ။ နယုန်မိုး အံ့သြသွားသည့်အပြင် ရင်ထဲကပါ ဒိုင်းခနဲဖြစ်သွားမိသည်။

မိုးခါးလည်း မုန်လာဥကို ထိုသို့ အခွံခြစ်ချပြီးမှ အားရပါးရ စားရသည်ကို အလွန်ကြိုက်နှစ်သက်သူဖြစ်သည်။

တည်မြဲ၏ ယုန်လေးခေါ်သံသည် မိုးခါးနှင့် ဆင်တူလွန်းသည်။ ယုန်လေးဟု ခေါ်လိုက်သည့်အခါ နယုန်မိုး ခံစားရသည့် ခံစားချက်များကလည်း ဆင်တူလွန်းနေသည်။ အခု မုန်လာဥကို အခွံခြစ်ကာ အားရပါးရစားနေပုံကလည်း ဆင်တူလွန်းနေသည်။

HOPEUnde poveștirile trăiesc. Descoperă acum