Chapter ( 25 )

9K 995 20
                                    

Unicode

**********

"ဟတ်ချိုး ... ဟတ်ချိူး"

"Cut..........."

ရိုက်ကူးရေး လုပ်နေရင်း မနေနိုင်တော့ဘဲ နှာချေလိုက်မိသဖြင့် ရိုက်နေသည့် Scene က ရပ်သွားသည်။ နယုန်မိုး အားနာစွာဖြင့် ချက်ချင်းတောင်းပန်ရသည်။

"ဆောရီး.. ဆောရီးပါ တကယ်တောင်းပန်ပါတယ် ..."

Music Video ရိုက်ကူးသည့် ဒါရိုက်တာနှင့် Producer သည် နိုင်ငံခြားသားများဖြစ်သည်။ ရိုက်ကူးရေးစကတည်းက အခြေအနေမကောင်းသည့် နယုန်မိုးရဲ့ ကျန်းမာရေး အခြေအနေကို သတိထားမိပုံရပါသည်။ နယုန်မိုး၏ ခင်ပြည့်စုံနှင့်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သိထားကြသဖြင့် အကုန်လုံးက နယုန်မိုးကို တစ်ရက်လောက် နားဖို့ အကြံပေးကြသော်လည်း နယုန်မိုး အားနာသဖြင့် မနားမိ ။

"ရပါတယ် .. ဒီညနဲ့ မနက်ဖြန်တစ်နေ့လုံး နားလိုက်ပါလား.. အချိန်တွေ အများကြီး ရသေးတာဘဲ .. နယုန်မိုး ကျန်းမာရေးက အရေးကြီးပါတယ်..."

ရာသီဥတုက ရန်ကုန်တွင် ပူနေပြီဖြစ်သော်လည်း ရိုက်ကူးရေးလုပ်သည့် ကလောတွင်တော့ ရာသီဥတုက တော်တော်လေးကို အေးနေသည်။ ဖျားချင်နေသည့် နယုန်မိုး ရာသီဥတု အပူအအေးမမျှသည့် အခြေအနေနှင့်ကြုံလာရသည့် အပြင် ၊ ရိုက်ကူးရေးက ဆက်တိုက် ပင်ပန်းတာကြောင့် အခြေအနေတော်တော်ဆိုးကာ အားနည်းလာသည်။

ဒီနေ့နဲ့ မနက်ဖြန် ရှူတင် Break ဖြစ်သွားပြီးနောက် ရိုက်ကူးရေးသမားတွေက ရှူတင်သိမ်းဖို့ အလီလီပစ္စည်းတွေ သိမ်းကြတော့သည်။ အနွေးထည် ခပ်ပါးပါးတစ်ထည်သာ ဝတ်ပြီး ရိုက်ကူးရေးလုပ်နေခဲ့ရသဖြင့် နယုန်မိုး ချမ်းတက်လာသည်။ နယုန်မိုး အခုထိပေါ်မလာသေးသည့် တည်မြဲကို မျက်လုံးဝေ့ကာ ရှာမိသည်။ ဒါရိုက်တာနဲ့ စကားပြောပြီးနောက် နယုန်မိုးဘက်ကို လျှောက်လာသည့် တည်မြဲကို မြင်မှ နယုန်မိုး စိတ်ထဲ မှာ ပြည့်စုံသလို ခံစားသွားခဲ့ရသည်။

တည်မြဲက နယုန်မိုးအနားကိုလျှောက်လာပြီး သူကိုင်ထားသည့် နယုန်မိုးရဲ့ အနွေးထည်အထူကို လွှမ်းခြုံပေးသည်။ နယုန်မိုး တည်မြဲကို အားကိုးတကြီးမော့ကြည့်မိသည်။ နယုန်မိုးကို တည်မြဲက ပြန်ငုံ့ကြည့်လိုက်ပြီး တည်မြဲရဲ့ မျက်ခုံးတန်းတွေ တွန့်ကွေးသွားသည်။

HOPENơi câu chuyện tồn tại. Hãy khám phá bây giờ