Chapter ( 34 )

7.9K 958 24
                                    

Unicode

*************

"ကိုမြဲ ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တယ်"

ယုန်လေးထံက ဒီလို စကားဦးသန်းလိုက်သည်နှင့် တည်မြဲ စိတ်ညစ်သွားရသည်။ ဒီရက်ပိုင်း ယုန်လေးနှင့် တည်မြဲကြားက ဆက်ဆံရေးအခြေအနေသည် မုန်တိုင်းအလယ်ဗဟိုချက်တွင်ရှိနေသလိုမျိုး။ မကြာခင် လေပြင်းတိုက်ခတ်လာဖို့အတွက် ခေတ္တငြိမ်သက်ကာ အားယူနေသလိုမျိုး ။

တည်မြဲ မျက်နှာကို ကြိုးစားကာ ခံစားချက် ကင်းမဲ့နေသည့် အနေအထားမျိုးဖြစ်အောင် ထား၍ ယုန်လေးကို ကြည့်လိုက်သည်။

ယုန်လေးလည်း ထင်ထားသည့်အတိုင်း မျက်နှာကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထားရသည့် ဟန် ။

"ဘာပြောချင်တာလဲ ..."

မိုးခါးကို ခဏဖြစ်ဖြစ် မေ့ပစ်ဖို့ ဆိုတဲ့ တည်မြဲရဲ့ ဆန္ဒကို တစ်ခါလောက်ဖြစ်ဖြစ် ယုန်လေး ဖြည့်ဆည်းပေးစေချင်သည်။ တစ်ခါလောက်ပဲ ယုန်လေး ရင်ထဲက မိုးခါးဆိုတဲ့ လူတစ်ယောက်ထက် တည်မြဲဆိုတဲ့ သူရဲ့ ဖြစ်တည်မှုအသစ်ကို ဦးစားပေးနေရာပေးစေချင်မိသည်။

"ခင်ဗျားနဲ့ ဦးရန်နိုင်ကစ ဘယ်လို ပတ်သက်တာလဲ ... ကျွန်တော့်ကို ပြောဖို့ သင့်တယ်လို့ မထင်ဘူးလား..."

နယုန်မိုးရဲ့ မေးခွန်းက အေးဆေးလွန်းဟန်ပေါက်သော်လည်း တည်မြဲကိုတော့ အကြီးအကျယ် လှုပ်ခတ်သွားစေနိုင်သည်။

"မင်းနဲ့ ဘာဆိုင်လို့လဲ"

စိတ်လှုပ်ရှားသွားတာကြောင့် မျက်နှာ အမူအရာကို တောင် အေးဆေးဟန် မထိန်းချုပ်နိုင်တော့ပေ။

"ကျွန်တော်နဲ့မဆိုင်လို့ ဘယ်သူနဲ့ဆိုင်ရမှာလဲ ကိုမြဲ ..ဒါဆို ခင်ဗျားနဲ့ဆိုင်တာလား .."

တည်မြဲ စကားမှားသွားခဲ့ပြန်ပြီဆိုတာကို သိလိုက်သော်လည်း ယုန်လေးရဲ့ မေးခွန်းတွေကတော့ တားဆီးလို့မရနိုင်စွာ တရစပ်ထွက်ကျလာလေတော့သည်။

"ခင်ဗျားနဲ့ဆိုင်တယ်ဆိုရင်ရော .. ဘာကြောင့်ဆိုင်တာလဲ .. ကျွန်တော့်ကိုပြောပြပါ .. ခင်ဗျားတို့လည်း သိနေပြီးပြီမလား .. သူက ကိုကို့ရဲ့"

HOPEWhere stories live. Discover now