အခန်း ၁၅- လင်ဟန့်

25.8K 2.3K 146
                                    

ဤအခန်းသည် kiss scenes များပြားစွာပါဝင်သောကြောင့် FA များ ဖတ်ရန် မသင့်ပါ... 🌚🙄
_________________________

နွေဦးပန်းပွဲတော်အခမ်းအနားရဲ့ နောက်ရက်တွေမှာတော့ အရင်ကတည်းက မိန်ရှန်းကို အင်မတန်မြတ်နိုးအလိုလိုက်ခဲ့ကြတဲ့ လင် မိသားစုဟာ ထိုမိန်းမငယ်လေးကို ပိုပို၍သာ အလိုလိုက်အကြိုက်ဆောင်လာလေတော့တယ်...

မိန်ရှန်းရဲ့ ပွဲတော်မှာ လှပစွာသရုပ်ပြခဲ့ခြင်းဟာ သူမရဲ့ ဂုဏ်သရေကိုပို၍သာ မြှင့်တင်လိုက်သလိုပါပဲ... အထူးသဖြင့် လင်ဟန့်ဟာ တခြားတစ်စုံတစ်ဦး သူမကို သူ့လက်ထဲက ခိုးယူသွားလေမှာ စိုးရွံ့နေသလိုမျိုး မိန်ရှန်းနားမှာသာ ရစ်သီကာကပ်တွယ်နေတော့တာဖြစ်တယ်...

မယ်တော်ကြီးရဲ့ မိန်ရှန်းကို နံပါတ်၇မင်းသားနဲ့ တွဲဖက်ပေးတဲ့စကားကို ကြားလိုက်ရချိန်မှာတော့ လင်ဟန့်ဟာ ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်ခံလိုက်ရသလိုပါပဲ... ကျောက်မိန်ရှန်းဟာ အခုအချိန်မှာတော့ လင်ဟန့်ရဲ့ နှလုံးသားထဲမှာ အချိန်အတန်ကြာ ကိန်းဝပ်နေခဲ့လေပြီ ဖြစ်တာကြောင့် သူမကို တခြားအမျိုးသားတစ်ဦးဆီမှာ အဆုံးရှုံးခံရဖို့ဟာ ဖြစ်နိုင်ချေရှိလာလေမှန်း နားလည်လာချိန်မှာ သူမဟာ ရုတ်ချည်းဆိုသလို သူ့ရဲ့ အရာရာဖြစ်လာခဲ့ရတော့တယ်...

တစ်ဖက်မှာ မိန်ရှန်းဟာတော့ သူမရဲ့ ကြာပန်းဖြူပုံရိပ်ကို ဆက်ကာ ထိန်းသိမ်းထားလေပြီး သူမရဲ့ ကျက်သရေရှိပြီး နူးညံ့တဲ့ မျက်နှာဖုံးကို ဆက်ကာ တပ်ထားလေတော့တယ်... သူမ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လင်ဟန့်ရဲ့ သူမအပေါ်ခံစားချက်တွေဟာ အချိန်ကုန်ဆုံးလာတာနဲ့အမျှ တိုးပွားလာလေတော့တာပါပဲ... သူမတို့စုံတွဲကြားက အပြုအမူတွေဟာလည်း ပို၍သာ ချိုမြိန်လာရလေတော့တယ်...

တစ်ဖက်မှာအဓိကဇာတ်လိုက်စုံတွဲဟာတော့ တူညီတဲ့အဖြစ်အပျက်မရှိလေဘူး... အဓိကဇာတ်လိုက်အမျိုးသမီးဖြစ်တဲ့ လျုံကျားယင်းဟာ ပွဲတော်အခမ်းအနားမှာ မိန်ရှန်းကို ရုပ်ပျက်စေအောင် တမင်တကာရည်ရွယ်လုပ်ဆောင်ခဲ့လေတာ ဖြစ်တယ်... ကျွမ်းယိဟာ ထက်မြက်တဲ့အမျိုးသားဖြစ်လေတာကြောင့် ဒါကို ကောင်းစွာ သတိထားမိလေတယ်... ဒါဟာ ဘာကြောင့်ဆိုတာကိုတော့ သူပြည့်ဝစွာ နားမလည်လေသော်ငြား လျုံကျားယင်းဟာ ကျောက်မိန်ရှန်းကို ထိတ်လန့်နေလေ (ကျောက်မိန်ရှန်းကြောင့် သူမနေရာဟာ ခြိမ်းခြောက်ခံနေရသလိုဖြစ်နေလေတယ်) မှန်းတော့ သူ သိလေတယ်...

8. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-1 (လင်ဟန့်)Where stories live. Discover now