အခန်း ၁၈- လင်ဟန့်

24.6K 2K 41
                                    

Zawgyi

အိမ်ထောင်သည်ဘ၀ဟာ မိန်ရှန်းအတွက်ကတော့ ကျောက်အိမ်တော်မှာသူမအရင်ကနေခဲ့တာနဲ့ ဘာမှ သိပ်မကွာလှလေဘူး... အားလုံးဟာ သူမရဲ့ လိုအင်ဆန္ဒတွေကို အလိုလိုက်အကြိုက်ဆောင်နေဆဲပါပဲ...

လင် မိသားစုဟာ အရမ်းကို ကြွယ်ဝချမ်းသာလေပြီး မြို့တော်မှာ အရေးပါလွန်းလှတဲ့ အိမ်တော်ဖြစ်လေတာကြောင့် မိန်ရှန်းကို အကောင်းဆုံးသောအရာတွေ- အစားအစာ၊ အ၀တ်အထည်၊ ကျောက်မျက်ရတနာ၊ ဂျင်ဆင်း အားဖြည့်ဆေး နဲ့ ပိုက်ဆံ အစရှိသမျှအရာရာကို ပေးအပ်ထားကာ အလိုလိုက်လေတာဖြစ်တယ်...

လင်ဟန့်ရဲ့ သူမအပေါ်မြတ်နိုးမှုကြောင့် မိသားစုတစ်စုလုံးဟာလည်း သူမကို ချစ်မြတ်နိုးလေတာနဲ့အတူ ဘယ်သူကမှ မိန်ရှန်းကို နည်းနည်းလေးတောင် စိတ်မကွက်စေလေဘူး... မိန်ရှန်းဟာ သူမရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ကြာပန်းဖြူ ချွေးမလေးဆိုတဲ့ ဇာတ်ကွက်ကို ဆက်ကာ ကပြလေပြီး သူမရဲ့ ကောင်းမွန်ကျက်သရေရှိလှတဲ့ ပုံရိပ်ကို ဆက်ကာ ထိန်းသိမ်းထားလေတာမို့ လင်အိမ်တော်ရဲ့ အကြီးအကဲတွေအားလုံးဟာ သူမထံမှာ ဘယ်လိုမှအပြစ်မရှာနိုင်ကြလေတော့ဘူး...

လင်ဟန့်အတွက်ကတော့ သူမဟာ ဇနီးမယားကောင်းတာဝန်ကို လူမြင်ကွင်းမှာရော လူမြင်ကွယ်ရာမှာပါ ဖြည့်ဆည်းပေးလေတာဖြစ်တယ်...

လူမြင်ကွင်းမှာဆိုရင်တော့ လင်ဟန့်ဟာ မိန်ရှန်းသွားချင်သမျှ နေရာတိုင်းလိုလိုကို အတူလိုက်ပါ ပို့ဆောင်ပေးလေတယ်... လင်ဟန့်ဟာ ၀န်ကြီးချုပ်ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး အမွေဆက်ခံသူဖြစ်လေတာကြောင့် သူ့ဖခင် အငြိမ်းစားမယူခင်အထိ တရားဝင် ရာထူးမရသေးလေဘူး... ဒါကြောင့်ပါပဲ လင်ဟန့်ဟာ လွှတ်တော်ထဲက အမှုထမ်းတွေလိုမျိုး ပါရမီပါပြီး အဆက်အသွယ်ရှိလေသော်ငြား သူ့မှာ အထူးတလည် လုပ်ဆောင်စရာတာဝန် သိပ်မရှိသေးလေဘူး...

သာမန်ရက်တွေမှာတော့ သူဟာ သူ့ဖခင်နောက်ကိုလိုက်ပါပြီး နန်းတော်ထဲ ၀င်ကာ တခြား ရာထူးကြီးအမတ်တွေကို လိုက်လံနှုတ်ဆက်လေရင်း တစ်ခါတစ်ရံတော့ တော်ဝင်မိသားစုနဲ့ပါ တွေ့ဆုံလေတယ်...

8. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-1 (လင်ဟန့်)Where stories live. Discover now