Zawgyi
မိန်ရှန်းဟာ ဖြစ်လာမယ့်နောက်ဆက်တွဲတွေကို မစဉ်းစားခဲ့ပါပဲနဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ အတ္တစိတ်ကို ဆွပေးခဲ့လေတယ်... ဒီဇာတ်လမ်းဟာ လျုံကျားယင်းရဲ့ ဇာတ်လမ်းဖြစ်လေတယ်...
ကျောက်မိန်ရှန်းဟာ တကယ်ကတော့ သေးမွှားလှတဲ့ ဇာတ်ကောင်လေးတစ်ယောက်ပါပဲ... ဗီလိန်အငယ်လေးတစ်ယောက်ပေါ့... အမျိုးသမီးဇာတ်လိုက်ကို အမျက်ဒေါသထွက်စေခြင်းအားဖြင့် မိန်ရှန်းဟာ ဇာတ်ကောင်တစ်ယောက်စီရဲ့ ဇာတ်ကြောင်းကို ပြောင်းလိုက်မိလေတော့တယ်...
လျုံကျားယင်းဟာ ကောင်းမွန်တဲ့စာရိတ္တနဲ့ သန့်စင်ခဲ့တဲ့ အမျိုးသမီးဖြစ်ခဲ့သော်ငြား အခုမှာတော့ မနာလိုစိတ်၊ အမျက်ဒေါသတို့နဲ့ပြည့်နှက်နေတဲ့ မျက်ကန်းတစ်ယောက်ဖြစ်သွားခဲ့လေပြီ... အရေးမပါလှတဲ့ ဇာတ်ကောင်လေး တစ်ကောင်ရဲ့ လှောင်ပြောင်ခြင်းကို ခံရချိန်မှာတော့ လျုံကျားယင်းရဲ့ မာနဟာ ထိခိုက်လာရတော့တယ်... သူမရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်ရမယ့် အမျိုးသား- သူမကိုသာချစ်နေရမှာဖြစ်တဲ့ အမျိုးသားဟာ တစ်ခြားတစ်ယောက်ကို ချစ်မိလေတယ်ဆိုတဲ့အချက်ကတင် လက်ခံနိုင်စရာအချက် မဟုတ်လေတော့ဘူး...
မူလဇာတ်လမ်းမှာ သူမဟာ လင်ဟန့်ကို မချစ်မိခဲ့လေသော်ငြား လျုံကျားယင်းဟာ သူ့ကိုတော့ တစ်ခြား ဘယ်သူ့ကိုမှ မချစ်စေခဲ့ချင်တာဖြစ်တယ်... ဒါဟာ အမျိုးသားဇာတ်လိုက်ရော၊ ဒုတိယဇာတ်လိုက်ရောရဲ့ နှလုံးသားကို သိမ်းပိုက်ထားဖို့ဆိုတဲ့ သူမရဲ့ အဓိကဇာတ်လိုက်ဆိုတဲ့ဇာတ်ကောင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်လေတယ်မဟုတ်ပါလား...
ဒါဆို သူမရဲ့ ရပ်တည်ချက်ဟာ ခြိမ်းခြောက်ခံလာရချိန်မှာ အမျိုးသမီးဇာတ်လိုက်ဘာလုပ်ပါသလဲ???
သူမဟာ သူမအပိုင်ဖြစ်တယ်လို့ ယူဆသမျှအရာရာကို ပြန်လည်ပြုပြင်ဖို့ တတ်နိုင်သမျှအကုန်လုပ်လေတော့တယ်... ကျွမ်းယိဟာ သူမအပိုင်ဖြစ်တယ်... လင်ဟန့်ဟာလည်း သူမအပိုင်ပါပဲ... ကျောက်မိန်ရှန်းဟာ လျုံကျားယင်းရဲ့ ဥယျာဉ်တော်ထဲကို ၀င်လာဝံ့တဲ့ မထင်မှတ်ထားတဲ့ လိပ်ပြာတစ်ကောင်သာဖြစ်လေတယ်... အကွက်ချခြင်း လှည့်ကွက်ဆင်ခြင်းတွေဟာ ဆက်၍သာ ဖြစ်ထွန်းလာလေတော့တယ်...
YOU ARE READING
8. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-1 (လင်ဟန့်)
Historical Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...