အခန်း ၂- လင်ဟန့်

25.2K 2.4K 45
                                    

Zawgyi

Translator's Note
1. လျုံကျားယင်း ကို လျှုံကျားယင်း လို့ မှားရေးထားတာတွေအများကြီးဖြစ်နေလို့ အခန်း ၁ကို ပြန်ပြင်လိုက်ပြီး published လိုက်ပါတယ်...အခန်း ၁ရဲ့ ယူတို့ ဖတ်နေတဲ့နေရာမှာ လျှုံကျားယင်း ဖြစ်နေသေးရင် library ထဲကထုတ်ပြီး ပြန် add ပေးပါနော်...

•••••••••••••••••••••••••••••

အသက်၁၄နှစ်အရွယ် ကျောက်မိန်ရှန်းဟာ အခုတလော ထူးထူးဆန်းဆန်းဖြစ်နေတယ်... တစ်နယ်လုံးကသိထားတဲ့ အချက်ဟာတော့ ကျောက်မိန်ရှန်းဟာ ဆိုးပေတယ်၊ အလိုလိုက်ခံထားရလို့ မယဉ်ကျေးလေဘူး...

ကျောက်မိသားစုရဲ့ အစေခံတွေဟာ သူတို့ မမလေးရဲ့ သိမ်ဖျင်းလွန်းလှတဲ့ကိုယ်နှုတ်အမူအရာအကြောင်း အစကတည်းက သိကြလေတယ်... ဒါကြောင့်ပါပဲ တစ်ရက်မှာတော့ သူမလေး အခန်းထဲကထွက်လာပြီး အိမ်တော်ထဲကို လည်ပတ် သွားလာနေချိန်မှာ အရမ်းကိုတိတ်ဆိတ်နေခဲ့လေတာကြောင့် အားလုံးဟာ တုန်လှုပ်သွားရလေတော့တယ်...

လက်တစ်ဖက်မှာ စက္ကူသားယပ်တောင်လေးကို ကိုင်ဆုပ်ထားလေရင်း မျက်ဝန်းတွေဟာ ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီကြည့်ကာ ထိုမိန်းမငယ်လေးဟာ အေးဆေးသက်သာစွာ လမ်းလျှောက်နေလေတယ်... သူမ နူးညံ့စွာ ပြုံးလိုက်လေတိုင်းမှာ ပါးချိုင့်နက်နက်လေးတွေဟာ ပေါ်လာလေတာမို့ အစေခံတွေဟာ သီး မလိုတောင် ဖြစ်သွားကြလေတော့တယ်...

မိန်ရှန်းရဲ့ အပြုံးဟာအရင်တုန်းကဆိုရင်တော့ နင်တို့လေးတွေက ငါ့လက်အောက်ကပဲ ဆိုတဲ့ ပုံစံနဲ့ မော်ချီ နေခဲ့လေတယ်...

သူမ ဘယ်လောက်ပဲ လှသည်ဖြစ်ဦးတော့ တင်စီးလွန်းလေတဲ့ ထိုအပြုံးကို ချစ်စရာကောင်းတယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြလေဘူး... သို့သော်ငြား ဒီတစ်ခါမှာတော့ အိမ်တော်ကြီးထဲက လူတွေဟာ ချိုမြိန်လွန်းလှတဲ့ ထိုအပြုံးကြောင့် မှင်တက်သွားမိလေတော့တယ်...

ကျောက်မိန်ရှန်းရဲ့ ပြောင်းလဲမှုကို သတိထားမိတာဟာ အစေခံတွေသာမကလေဘူး... သူမရဲ့ ဖခင်မြို့စားကြီးဟာလည်း ဒါကို သတိထားမိလေတယ်...

8. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-1 (လင်ဟန့်)Donde viven las historias. Descúbrelo ahora