အခန်း ၅- လင်ဟန့်

22.9K 2.3K 22
                                    

Zawgyi

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ကျောက်အိမ်တော်ရဲ့ အစေခံတွေဟာ မြို့တော်မှာရှိတဲ့ မြို့စားကြီး အိမ်တော်ရှေ့က သေးငယ်တဲ့ ၀င်ပေါက်လေးရှေ့မှာ ပျာယာခတ်စွာ လှုပ်ရှားနေကြလေတယ်... မိန်ရှန်းဟာ ခုံနှစ်ခုံပါတဲ့ ဝေါယာဉ် ထဲက ပြတင်းပေါက်ရဲ့အစွန်းကို မှီကာထိုင်နေလေတယ်... လိုက်ကာတွေ ကာရံထားလေတဲ့အတွက် ဒီမိန်းကလေးရဲ့ ပျင်းရိနေတဲ့ဟန်ပန်ကို ဘယ်သူကမှ မမြင်တွေ့နိုင်ကြလေဘူး...

ကျောက်မိန်ရှန်းရဲ့ ကိုယ်တွင်းကို ၀င်စားလာလေတဲ့ စိတ်ဝိဥာဉ်ဟာ မတူညီတဲ့ အချိန်ကာလနဲ့ ကမ္ဘာမှ လာခဲ့တာဖြစ်လေတယ်... သူမ ပျင်းရိတဲ့အခါတိုင်းမှာ သူမဟာ အင်တာနက်သုံးတာတို့ တီဗီကြည့်တာတို့ကို လုပ်နေခဲ့လေတယ်... တကယ့်ကို ပျင်းရိနေပြီဆိုရင်တော့ သူမဟာ မြို့ထဲမှာ ကားပတ်မောင်းပြီး ဈေးဝယ်ထွက်လေတယ်...

တကယ့်တကယ့်ကို အရမ်းကိုမှ ပျင်းရိနေပြီဆိုရင်တော့ သူမဟာ စာအုပ်တစ်အုပ်ကို ဖွင့်ကာဖတ်လေတော့တယ်... သူမ အခုရောက်ရှိနေတဲ့ ကမ္ဘာဟာတော့ နည်းပညာရော၊ စက်တပ်ရွေ့လျားယာဉ်တွေပါ မရှိသေးလေတဲ့အတွက် သူမမှာလုပ်စရာဆိုလို့ ဖတ်စရာ စာအုပ်တွေသာရှိလေတယ်... သို့သော်ငြား သူမ အဲ့ဒီလောက်ထိ ပျင်းရိနေသေးတာမဟုတ်တဲ့အတွက် သူမအတွက်ကျန်နေတဲ့ တစ်ခုတည်းသော ရွေးချယ်စရာဟာတော့ အိပ်ဖို့ပါပဲ...

သူမ အိပ်ပျော်သွားလုဆဲဆဲလေးမှာတင်ပဲ ဝေါယာဉ်ကို ခပ်သာသာလေးလာခေါက်သံဟာ သူမကို နိုးသွားစေလေတယ်... အမျိုးသမီးအစေခံလေးတစ်ယောက်ဟာ လင်ဟန့်ရောက်နေကြောင်းနဲ့ သူမကို စကားပြောချင်ကြောင်း တဆင့်လာပြောလေတယ်... မိန်ရှန်းဟာ ဒီလာလည်မှုကို အစကတည်းက မျှော်မှန်းထားပြီးခဲ့တာကြောင့် လှောင်ပြုံး ပြုံးလိုက်လေတယ်... သူမရဲ့ အမူအရာကို ပြုပြင်ပြီးချိန်မှာတော့ သူမဟာ တံခါးကို ဂရုတစိုက် ဖွင့်လိုက်လေတာကြောင့် ခပ်လှမ်းလှမ်းအကွာအဝေးမှာရှိတဲ့ အစေခံတွေရဲ့ရှေ့မှာ ရပ်နေတဲ့ သူမထက် အသက်ကြီးလေတဲ့ ခန့်ညားလှတဲ့ အမျိုးသားလေးကို တွေ့လိုက်ရလေတော့တယ်...

8. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-1 (လင်ဟန့်)Where stories live. Discover now