" သားလေးတို့လာ ကြပြီလား
လာလာ ထိုင်ကြ "" Nae..."
Yixing နှင့် Chanyeol မနေ့က အိမ်ပြန်ရောက်တော့ အန်တီနာယောင်းက တစ်အိမ်တည်းအတူနေပြီး ပိုရင်းနှီးစေချင်လို့ ထမင်းဖိတ်ကျွေးမယ်ပြောတယ်။
ဒါ့ကြောင့် နေ့ခင်းအလုပ်ပြီးပြီးချင်းအိမ်သို့ပြန်လာမိသည်။
Jun ကိုတော့ မတွေ့မိ။"Jun လေးရေ လာလေ စားကြမယ် "
"Nae .. လာပါပြီ"
"သား Chan ရော Yixing ရောထည့်စားနော်
အားမနာနဲ့.. တစ်အိမ်တည်းသားချင်းတွေပဲ ဟင်းးး""ဒါလေးက ပုစွန်ဆီပြန်ချက် ...
ဒါလေးက အမဲသားလုံးကြော်..
ဒါလေးက...."Jun အမြင်ကပ်လာပါပြီ..
ဘေးမှာထိုင်နေတဲ့ကိုယ့်ကျတော့ မထည့်ပေးပဲ ဟိုလူတွေပဲ ထည့်ပေးနေတယ်.." အန်တီယောင်းရယ် သူတို့မှာလက်ပါပါတယ်..
သူတို့ဘာသာစားလိမ့်မယ် ""ဟဲ့ Jun လေးရယ် ဧည့်သည်တွေကို အဲ့လိုမပြောရဘူးလေ "
"ရပါတယ် အန်တီနာယောင်း ကျနော်တို့က အသိဥာဏ်ပြည့်ဝတော့ ခွင့်လွတ်တတ်ပါတယ်..ဟင်းး"
Yixing ပြန်လည်ချေပလိုက်ပြီး Jun ကိုတော့ ဒေါသထွက်နေတာကို မျက်လုံးထောင့်က မြင်ဖြစ်အောင်မြင်လိုက်ပါသည်။
Yixing တို့ထမင်းစားပြီး ဧည့်ခန်းမှာအန်တီနဲ့စကားပြောနေတုန်း
"Jun နွားနို့တွေ ယူခဲ့ပါဦး "
"Nae..."
Jun တစ်ယောက်တော့ သူ့အကြံအစီ အတိုင်း ဝမ်းနုတ်ဆေး အချို့ကို ဖန်ခွက်တစ်ခုထဲထည့်လိုက်သည်။
"ရပါပြီ...ဟင်းး
သုံးဆောင်ကြနော် အားမနာနဲ့"Yixing ပြုံးလိုက်မိသည်။
Jun ရာ မင်းငါ့နောက်မှမွေးလာတာပါ..
အန်တီနာယောင်း ခဏထွက်သွားတုန်းမှာ Yixing ဖန်ခွက်ချင်းလဲလိုက်သည်။
ခဏနေတော့ အန်တီနာယောင်းရော Jun ရောပြန်ရောက်လာတော့"သောက်ဦးလေကွယ် သားတို့"
"Nae..."
Jun တော့သူ့အစီအစဉ်အောင်မြင်၍ ပျော်နေသည်မှာ ဖုံးမရဖိမရ..