Yixing ကားကိုအိမ်ဘေးမှာတင်ရပ်ပြီး အိမ်ထဲဝင်လာတော့ အန်တီယောင်းက မအိပ်သေးပေ။
"အန်တီယောင်း မအိပ်သေးဘူးလားဟင်"
"အိပ်မှာ Yixing ရေ မနက်ဖြန် အန်တီယောင်း ဘူဆန်ဘက်ခဏသွားစရာရှိလို့ အဲ့တာ Jun လေးနဲ့မင်း ရန်ဖြစ်မနေကြနဲ့ဦးနော် "
"အာ မဖြစ်ပါဘူး အန်တီယောင်း စိတ်ချပါ "
"Jun လေးက အရင်ကတည်းက အန်တီတွေ ဘွားတွေပေါ် ဆိုးနေကြဆိုတော့ နည်းနည်းတော့ Yixing လေးကပဲသည်းခံပေးလေနော်
အန်တီယောင်းက Yixing နဲ့ဆို Jun လေးကိုစိတ်ချပါတယ်..""စိတ်ချပါ အန်တီယောင်း ကျနော်ကပဲJun လေးကိုအလျော့ပေးမှာပါ"
"အေးအေး အပေါ်တက်တော့လေ Junလေးတော့ပင်ပန်းလို့တဲ့ အစောအိပ်သွားပြီ"
"ဟုတ်ကဲ့ပါ ခွင့်ပြီပါဦး အန်တီယောင်း "
ဟူးး ဘာလဲ ငါ့ကိုတောင် မစောင့်လဲအိပ်ပျော်သွားပြီပေါ့ ?
ရင်မခုန်ဘူးလား မင်္ဂလာဦးညကို ..Yixing အခန်းထဲဝင်လာတော့ တွေ့လိုက်ပါပြီ
သူ့အချစ်တော်ကို ဖက်ကာ အိပ်ယာပေါ်မှာကွေးနေအောင်အိပ်နေတဲ့ Junလေးဘယ်ရမလဲ Zhang Yixing ပဲ ကြောင်ကိုတော့သနားတတ်ပေမယ့် အိပ်ယာပေါ်တော့ပေးမအိပ်။
Yixing ကြောင်ကိုဆွဲချလိုက်တော့ ကြောင်လေးခမျာ ကြောက်ရှာပါတယ် အခန်းထောင့်ကို ကပ်သွားတယ် တစ်ခါတည်း တံခါးဖွင့်ပြီး အပြင်ပေးထွက်လိုက်တယ်။ကြောင်မောင်းပြီး အခန်းတံခါးလော့ချပြီး ဒီဘက်လှည့်လာတော့ အိပ်ချင်မူးတူးနဲ့ ထထိုင်နေတဲ့ Jun လေး။
" ကျနော့် ကြောင်ကို ဘာလုပ်လိုက်တာလဲ
ပြန်ခေါ်ပေး သူမရှိရင် မအိပ်တတ်ဘူး"
စကားသာပြောနေတာ မျက်လုံးကမပွင့်"ကုတင်ပေါ်ကြောင်တွေတက်တာ မကြိုက်ပါဘူး
မခေါ်ပေးနိုင်ဘူး "Yixing ပြောလဲပြော အိပ်ချင်မူးတူးရုပ်ကလေးနဲ့ အသဲယားစရာကောင်းလောက်တဲ့ Jun အနားကိုတိုးကပ်သွားလိုက်တယ်။
"ဘာ ဘာလုပ်မို့လဲ "
ခုမှမျက်လုံးဖွင့်တယ် ☻