Jun တို့ကို ဖွားက လက်ထပ်ပေးမယ်ပြောပြီး ရက်သတ္တပတ်လောက် အထိ Xing hyung နဲ့လဲမတွေ့ဖြစ်။
Xing hyung ကလဲ အလုပ်တွေရှုပ်နေလို့ဟု အန်တီယောင်းဆီမှကြားရသည်။
ဒီကြားထဲ Yifan hyung ကလဲ အသဲအသန်ကို အသဲတွေကွဲပြနေတော့ Jun မှာဘာလုပ်ရမှန်းမသိ။
သူငယ်ချင်းတွေကတော့ Yifan hyung ကိုသနားတယ်ဟုပြောလာသူများနှင့် စိတ်ညစ်ပါတယ်...ဒီနေ့တော့ ရာသီဥတုလဲ သိပ်မကောင်းပေ။
မနက်ကတည်းက မိုးတွေအုံ့ဆိုင်းနေကာ ဘယ်တော့ရွာချမလဲ မသိ။
ဒီနေ့မှ အန်တီယောင်းကလဲ ဘူဆန်က သူ့ညီမဆီအလည်ပြန်သွားတယ်..
Xing hyung ကလဲ အိမ်မှာမရှိ..
Jun ကငယ်ငယ်ထဲ က မိုးရွာတာကိုမကြိုက် မိုးခြိမ်းလျှင်အရမ်းကြောက်တတ်တာ..
အန်တီယောင်းက မိုးရွာမယ်ဆို ပြတင်းပေါက်တွေပိတ်ထားလို့ပြောဖူးတယ်
Jun ပြတင်းပေါက်တွေလိုက်ပိတ်လိုက်တယ်
မိုးကလဲ မရွာသေးတာကြောင့် စာအုပ်လေးဖတ်ပြီး အိမ်ထဲမှာကွေးမယ်လို့ စဉ်းစားလိုက်တယ်....
..
ဘယ်လောက်ကြာပြီမသိ Jun စာအုပ်ဖတ်ပြီး အိပ်ပျော်သွားတာပင် ..
အပြင်မှာလဲ မိုးတွေခြိမ်းကာ မိုးအရမ်းသည်းနေသည်။
Jun တစ်ယောက်တည်း အိမ်ကြီးထဲမှာဆိုသည့်အတွေးက ကြောက်စိတ်ဝင်စေသည်။
ဒီအချိန်မှာ တစ်ယောက်ယောက်တော့ ရောက်လာစေချင်တာအမှန်...မာမီကို ဖုန်းဆက်ရမယ်..Jun ဖုန်းကိုထုတ်လိုက်ပြီး
ဖုန်းခေါ်ပေမယ့် မေမေက မကိုင် ..ဆေးရုံမှာများအလုပ်များနေမလားဆိုပြီး
Jun တစ်ယောက်တည်းကြောက်လို့ မာမီ အိမ်ကိုလာခဲ့ပါဟု Voice mail ပို့လိုက်သည်။ထိုအချိန် ဆိုင်ကယ်သံ ခြံထဲဝင်လာသည်နှင့်တူသည်။Xing hyung ပြန်လာပြီထင်သည်။
ဘာပဲဖြစ်ဖြစ် အဖော်ရှိပြီမို့ Jun အားတက်သွားသည်။ခုထိအခန်းထဲကမထွက်ရဲ Xing hyung ခြေသံကြားမှ အခန်းထဲက အသာလေးထွက်လာခဲ့လိုက်သည်။ဧည့်ခန်းရောက်တော့
"Xing hyung တစ်ကိုယ်လုံးစိုနေတာလား""အာ Jun ဟုတ်တယ်..
မိုးမိလာတာ""Jun ကတစ်ယောက်တည်းဆိုတော့ အရမ်းကြောက်နေတာ "
"ဟင်..အန်တီယောင်းရော"
"သူက ဘူဆန်ခဏပြန်သွားတယ်
Jun တစ်ယောက်တည်း..""ကိုယ်ရှိနေပြီလေ မကြောက်နဲ့တော့"