Part 8 - Bechlor Night 💕

419 41 2
                                    

Jun တို့ရဲ့စေ့စပ်ပွဲကို မာမီတို့က အမြန်ဆုံးစီစဉ်ပေးကြသည် ။
မင်္ဂလာပွဲကို လဲ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားမလုပ်တော့ပဲ
ဘုရားကျောင်းမှာပဲ အကျဉ်းချုံးပြုလုပ်ဖြစ်ပြီး
ဘွားဘွားကတော့ ညစာစားပွဲပါ ပြုလုပ်ပြီး Xing hyung လုပ်ငန်းရှင်တွေ ကိုယ့်ဘက်က အသိတွေအားလုံးလဲ စုံအောင်ဖိတ်ထားလိုက်သည်။

မနက်က ဘုရားကျောင်မှာမို့ သိပ်တော့မပင်ပန်းမိ။
ညရောက်ပြန်တော့ မာမီတို့ရော မနားရ။
လာတဲ့သူတွေ ဧည့်ခံရ နေရာချရ စကားပြောရနဲ့ မပင်ပန်းဘူးလို့ပြောရင် ညာရာကျမည်။
ဧည့်ခံရင်း Yifan hyung တို့ဝိုင်းဖက်ရောက်သွားတော့

"Jun လေးရယ် နှမြောလိုက်တာ...
အန်တီက Jun လေးကို သားအရင်းလို ချစ်တာ
အန်တီသား အသုံးမကျချက်..."

Yifan hyung ကတော့ ဘာမှမပြော။

Xing hyung ကတော့ အန်တီပြောလိုက်တဲ့စကားကြောင့် မှုံကုပ်သွားတာ..
ကိုယ်ကလဲ ဘာပြန်ပြောရမှန်းကိုမသိတာပင်။

တော်တော်များများဧည့်ခံလို့အပြီး ကိုယ့်သူငယ်ချင်းတွေရှိရာကိုသာ လာထိုင်နေမိသည်။
Xing hyung လဲ သူ့သူငယ်ချင်းတွေရှိရာကို သွားပြီး စကားပြောနေဟန်တူသည်။
ကိုယ့်ဘက်ကို တစ်ချက်တစ်ချက်ကြည့်ပြီး ပြောနေပုံအရ ကိုယ့်ကိုမေးနေပုံပင်။
ပင်ပန်းနေတာမို့ မသွားချင်တော့။

ခဏကြာတော့ Baekhyun ကဦးဆောင်ကာ စင်ပေါ်တက်၍

"ကာယကံရှင် နှစ်ယောက်ကို ဒီနေ့ ကျွန်တော်တို့က အမှတ်တရလေးတစ်ခု ဖန်တီးစေပြီး ပွဲကိုပြီးဆုံးစေမှာဖြစ်ပါတယ်။"

Baekhyun တို့ဘာမွှေဦးမည်မသိ။

"စင်ပေါ်သို့ ကြွပေးပါ Yixing hyung နဲ့ Wuri Junnie လေး ..."

"ကဲ သတို့သားတို့ နမ်းလို့ရပါပြီ "

"ဟမ်.."

မမျှော်လင့်ထားတာမို့ Baekhyun ကိုသာမေတ္တာပို့နေမိသည်။

ခဏအကြာ Yixing hyung က ကိုယ့်အနားတိုးကပ်လာတာမို့ တကယ်နမ်းမည့်ပုံပင်။
ထို့ကြောင့် မျက်လုံးတို့ကိုသာ မှိတ်ထားမိသည်။

Unexpected Love  (Completed)Where stories live. Discover now