တွေ့ဆုံမှုက ကံကြမ္မာကြောင့်ပဲလား.....
Minhee တွေးနေမိသည်က သားJunနှင့် Yixing တို့တစ်အိမ်ထဲ အတူနေဖြစ်ကြတာကို တွေးမိပြီး Jun လေးအထင်လွဲမှာကို စိုးရိမ်လာသည်။
ကိုကတော့ သား Jun လေးလဲသူ့သားလိုပဲ သားYixingဘက်ကလဲ စိတ်ချရသည့် လိမ္မာသည့်ကလေးမို့ စိတ်မပူဖို့ပြောသည်။
ဒါပေမယ့်.. မေမေနဲ့တိုင်ပင်ကြည့်ရမည်။"ဟယ်လို.. မေမေသမီး Minhee"
"အေး ပြောသမီး"
"သမီးခုပြောမှာက Junလေးနဲ့ပက်သက်နေလို့ပါမေမေ"
"Jun မြေးလေးက ဘာဖြစ်လို့လဲ.."
"ဘာမှတော့မဖြစ်ပေမယ့် ခု Jun နဲ့တူတူတစ်အိမ်ထဲနေနေတဲ့ Yixing က ကို့ရဲ့သားဖြစ်နေတဲ့အတွက် ...
သားလေးက သူတို့ကိုရင်းနှီးစေချင်တာထက်ပိုတယ်လို့ ထင်မှာစိုးလို့ပါမေမေ ""ဘာ Yixing က Zhang Yongmin ရဲ့သားဟုတ်လား "
"Nae..."
"အမလေး ခုမှပဲစိတ်အေးရတော့တယ် မြေးလေးအတွက်.."
"ဟင်.. မေမေဘာပြောတာလဲ"
"သမီးကလဲ..သားYongmin ရဲ့စိတ်ဓာတ်ကိုလဲ မေမေသိပြီးသား ပြီးတော့
မြေးYixing ရဲ့စိတ်ဓာတ်ကိုလဲ ပြောစရာမလိုလောက်ဖူးထင်တယ်..
ပြီးတော့ နာယောင်းပြောပုံအရဆိုရင် အနေတည်ပြီးအေးဆေးတယ်တဲ့..
အရှုပ်အရှင်းလဲကင်းတယ်လို့ပြောတယ် ""အဲ့တော့ မေမေကဘာလုပ်မလို့လဲ.."
"မြေးလေးတို့ကို နေရာချပေးလိုက်ရင်မကောင်းဘူးလားး "
"ဟင်..မေမေရယ် ဖြစ်ပါ့မလား
Jun လေးက စိတ်မဝင်စားသလို Yixing လေးကလဲ စိတ်ဝင်စားမှာမဟုတ်ဘူးထင်တယ်"" သူတို့နောက်မှာသံယောဇဉ်ဖြစ်လာမှာပါ
ငါမသေခင်တော့ ငါ့မြေးလေးကို စိတ်ချရတဲ့သူဆီမှာ မြင်သွားချင်တယ် ...
ပြီးတော့ လာမယ့် Monday မှာ ငါပြန်လာမယ်
ပြန်လာတာနဲ့ ငါကိုယ်တိုင်စီစဉ်မယ် ဟုတ်ပြီလား""Nae ဒါဆိုလဲ ph ချလိုက်ပြီမေမေ"
မေမေတစ်ယောက်နဲ့တော့ ခက်ပါပြီလေ ..
Jun လေးကကြိုက်ပါ့မလား...
မတွေးချင်တော့ မေမေလာမှပဲရှင်းပါစေတော့လေ
..
..
..