FOUR

689 129 46
                                    

" လှလိုက်​တာ.....အခုလိုမြင်​ဖူးတာ
ဒါပထမဆုံးပဲ........ "

လီဟွန်းတစ်​​ယောက်​​ကောင်းကင်​​ပေါ်သို့
တ​ရွေ့​ရွေ့တက်​သွား​သော မီးပုံးပျံ​လေးများကို
ကြည့်​ရင်း ​ပြော​နေခြင်းဖြစ်​သည်​........

ချန်း​ယောလ်​သူ့​ဘေးမှမိန်းမပျိုအ၀တ်​အစားနှင့်
လုလင်​​လေးအား​သေချာကြည့်​မိသည်​......

ညအချိန်​တွင်​​တောင်​ထင်းထင်းလင်းလင်း
ရှိ​နေ​သောအလှတရားကဘယ်​အရာနှင့်​မှ
နှိုင်းယှဉ်​၍မရ​ပေ.........

" လူကြီးမင်း!!! လူကြီးမင်း!!! "

" ဟမ်​!!! "

ငေး​မော​နေမိသည်​မှာအတင်း​ခေါ်မှပင်
ကြား​တော့သည်​.........

ချန်း​ယောလ်​​ရေ......မင်းမှာလည်း
အိ​နြေ္ဒ​တောင်​မဆည်​နိုင်​​တော့ဘူးလား.....
မင်းမျက်​စိ​ရှေ့မှာမြင်​​နေရတာ
မိန်းမတစ်​​ယောက်​မဟုတ်​ပဲ
ယောက်ျားသားတစ်​​ယောက်​ဆိုတာ
သတိထားပါဦးလား.........

" လူကြီးမင်းကဒီပွဲကို မကြာခဏ
ရောက်​ဖူးမှာ​ပေါ့​နော်​......... "

" အင်း.......ပွဲ​တော်​ရှိတိုင်း​ရောက်​ဖြစ်​တယ်
ဆိုပါ​တော့.......မင်းကပထမဆုံးလား..... "

" အင်း......ဟုတ်​တယ်​ ပထမဆုံးပဲ......
အရမ်း​ပျော်​ဖို့​ကောင်းတာပဲ​နော်​...... "

" ဒါနဲ့......မင်းအိမ်​ကမင်းကိုအရမ်း
ချုပ်​ချယ်​သလိုပဲ......​ယောက်ျားသားတစ်​​ယောက်​ကို
ဘာ​လို့များဒီ​လောက်​ထိချုပ်​ချယ်​​နေရတာလဲ..... "

" ​ပြောရမယ်​ဆိုရင်​......အင်း.......
အ​ကြောင်းရင်းတစ်​ခု​ကြောင့်​ပဲ​ပေါ့......
ကိုယ်​တိုင်​​တောင်​မလိုချင်​တဲ့အရာတစ်​ခုကို....
အင်း......​မွေးဖွားလာထဲကသတ်​မှတ်​ပြီးသား
ကံကြမ္မာ​ကြောင့်​လက်​ခံထားရလို့​ပေါ့...... "

ကန်​​ရေပြင်​ကိုမျက်​နှာမူလျက်
အမြဲလိုလိုလှပ​နေတတ်​​သောမျက်​၀န်းတို့သည်
ပြို​တော့မယ့်​မိုးလိုမှိုင်းညှို့​နေပြန်​သည်​.....

ဘယ်​အရာ​တွေကိုများထိုမျှ​လောက်
အလိုမကျဖြစ်​​နေရသနည်း.........

Beyond The Boundary [ ChanHun OTP ]​Where stories live. Discover now