ONE

2.5K 168 45
                                    

ဂျိုဆွန်းမင်းဆက်​ ဂွမ်​ဟယ်​ဘုရင်​လက်​ထက်​.......

လူအများဖြင့်​စည်​ကားလှ​သော
ဈေးတန်းတစ်​​နေရာတွင်
အထက်​တန်းစားပိုးဖဲဝတ်​စုံဖြင့်
မျိုးရိုးမြင့်​သခင်​​လေးတစ်​ဦး........

က​လေးများ​ဆော့ကစား​နေသည်​ကိုကြည့်​ရင်း
ပါးချိုင့်​တို့ထင်း​နေ​အောင်​ပြုံး​နေခဲ့သည်​........

" သခင်​​လေး!!! သခင်​​လေးချန်း​ယောလ်​!!! "

အ​နောက်​ဘက်​ဆီမှ​ခေါ်​နေ​သောအသံ​ကြောင့်
လှည့်​ကြည့်​မိသည်​........
အ​မောတ​ကော​ပြေးလာပုံရ​သော ဂယ်​ဂျီ.....

" ဘာလို့အဲ့​လောက်​​တောင်​​ပြေးလာရတာလဲ.... "

" သခင်​​လေး​ကြောင့်​​ပေါ့.....
သခင်​​လေးထွက်​သွားတာကို
မလိုက်​သွားလို့ဆိုပြီးသခင်​မကြီးက
ဆူ​နေလို့အ​ပြေးလာခဲ့ရတာပါ.....ဟူး....
မောလိုက်​တာ......သခင်​​လေးလမ်း​လျှောက်​တာ
အရမ်းမြန်​တာပဲ......ကျွန်​​တော်​မျိုးမှာမနည်း
ပြေးလိုက်​လာရတာ....... "

အလစ်​ထွက်​လာသည်​ကိုပင်​ရိပ်​မိသွား​သော
မေ​မေ့​ကြောင့်​အ​ပြေးလိုက်​လာရပုံပင်​.....

" အခု​တွေ့​နေပြီပဲ......ငါကမ​နေ့ကမှ
ဆောင်​ကျန်​ကွမ်​ကပြန်​​ရောက်​တာ
လွတ်​လွတ်​လပ်​လပ်​​နေချင်​​သေးလို့ပါ..... "

" သခင်​​လေးရဲ့အ​မေကမှစိတ်​မချတာ.....
မျိုးဆက်​ဆိုလို့သခင်​​လေးတစ်​​ယောက်​ထဲ
ရှိတာကိုး...... "

" ထားပါ.......ငါဒီအတိုင်း​လျှောက်​ကြည့်​ချင်​လို့...
လိုက်​မယ်​ဆိုပါးစပ်​ပိတ်​ပြီး​နောက်​ကလိုက်​ခဲ့ "

" ဟုတ်​ကဲ့ပါ...... "

လိုက်​ဖက်​လွန်းတဲ့သားအမိ......
သားကထွက်​​ပြေး......အ​မေကလူ​တွေ
အတင်းလွှတ်​....ဟုတ်​​နေတာပဲ.....
ငါတို့သခင်​ကြီးပဲ​ကောင်းတယ်​.......

သားဖြစ်​သူကိုဘာတစ်​ခုမှ
မချုပ်​ချယ်​ပဲလွတ်​လပ်​စွာ​နေထိုင်​​စေသည်​.....
သခင်​မကြီးချုပ်​ချယ်​သည်​ကို​တောင်တစ်​ခါတစ်​ရံ
အပြစ်​​ပြောတတ်​​သေးသည်​.......

Beyond The Boundary [ ChanHun OTP ]​Where stories live. Discover now