SIX

675 114 26
                                    

" အာ့...... "

အသက်​လု​ပြေး​နေရင်းမှပင်
ခြေ​ခေါက်​လဲသွား​သော လီဟွန်း......

" အိမ်​​ရှေ့စံ.....ရရဲ့လား.......
မြန်​မြန်​ထမှရပါမယ်​......အ​နောက်​မှာ
မှီလာ​တော့မယ်​...... "

ချစ်​ရသူကိုတွဲ၍အမြန်​ဆုံးနှုန်းဖြင့်
ပြေး​နေမိသည်​........

တောလမ်းဖြစ်​​နေသည်​​ကြောင့်
လမ်းတ​လျှောက်​ရှိသစ်​ပင်​ချုံနွယ်​များဖြင့်
ထိခိုက်​မိသည်​ကိုပင်​ဂရုမစိုက်​နိုင်​......

နာကျင်​​နေ​သော​ခြေကျင်းဝတ်​ကိုလည်း
ဂရုမစိုက်​နိုင်​.......

အ​နောက်​မှလိုက်​လာ​သောလူများ
မမှီနိုင်​​အောင်​သာစိတ်​​လော​နေမိသည်​......

လီဟွန်း အ​တွေးအချို့နှင့်​အာရုံများ​နေမိသည်​.....

ဘယ်​သူလဲ......ဘာအ​ကြောင်း​ကြောင့်
သူ့ကိုလုပ်​ကြံရသည်​လဲ.......

ပြီး​တော့......သူခိုးထွက်​လာသည်​ကို​ရော
ဘယ်​လိုသိ​နေရသလဲ.........

" အိမ်​​ရှေ့စံ သတိထား!!!! အာ့ "

အ​တွေးတို့ဖြင့်​အာရုံများ​နေစဉ်
သူ့ထံဦးတည်​လာ​သောမြှားတစ်​စင်း​ကြောင့်
သူ့အားတွန်းလိုက်​​သော ချန်း........

ချန်း၏ညာဘက်​လက်​​မောင်းတွင်
စိုက်​၀င်​​နေ​သောမြှားတစ်​​ချောင်း........

" ချန်း...... "

" ရပါတယ်​.......ဆက်​​ပြေးမှဖြစ်​ပါမယ်​.... "

ချန်း​ယောလ်​သူ့ကိုစိတ်​ပူ​နေ​သော
ချစ်​ရသူ​လေးစိတ်​​အေးရ​အောင်
နာကျင်​သည်​ကိုဘာမှမဖြစ်​သလို
ဟန်​​ဆောင်​ထားရသည်​........

စိတ်​ပူလို့မဖြစ်​ဘူးမလား......

နာကျင်​​နေ​လောက်​သည်​ကိုဂရုမစိုက်​ဘဲ
မြှားကိုချိုး၍ သူ့လက်​ကိုဆွဲကာ​ပြေးပြန်​သည်​......

ကြီးမား​သော​မြေချိုင့်​တစ်​ခုအတွင်း
လျှောဆင်းကာနှစ်​​ယောက်​သား
ကိုယ်​ကိုဝပ်​ကာပုန်း​အောင်း​နေမိသည်​.......

Beyond The Boundary [ ChanHun OTP ]​Where stories live. Discover now