SEVEN

601 98 11
                                    

တေးသီငှက်​တို့၏လှပ​သောအသံများနှင့်
အစပြု​နေ​သောမနက်​ခင်းတစ်​ခု......
မလှမ်းမကမ်းက​နေမင်းကြီးက
လောကဆီကိုဝင်​​ရောက်​ဖို့အစပြု​နေ​လေရဲ့.....

မီးငြိမ်းစပြုသွားပြီဖြစ်​တဲ့မီးပုံ​လေးရဲ့နံ​ဘေး
လီဟွန်းကိုရင်​ခွင်​အတွင်းထည့်​ထားကာ
အိပ်​​ပျော်​​နေတဲ့ချန်း​ယောလ်​............

ပင်​စည်​ကြီး​သောသစ်​ပင်​တစ်​ပင်​ကို
မှီလျက်​အိပ်​​ပျော်​​နေကြခြင်းဖြစ်​သည်​......

ချန်း​ယောလ်​နိုးလာခဲ့ပြီဖြစ်​​သော်​လည်း
ရင်​ခွင်​ထဲကချစ်​ရသူ​လေးနိုးသွားမည်​စိုး၍
မလှုပ်​မရှက်​နှင့်​ငြိမ်​​နေမိသည်​.......

အဖြစ်​အပျက်​အချို့ကိုအခုအချိန်​အထိပင်
မယုံကြည်​နိုင်​​သေး​ပေ........

အိပ်​မက်​ဖြစ်​မည်​ကို​ကြောက်​ရွံ့​နေမိသည်​.....

မျက်​နှာ​ပေါ်ရှိပွန်းပဲ့ရာအချို့ကိုလက်​ဖြင့်
ခပ်​ဖွဖွထိမိသည်​..........

နူးညံ့လွန်း​သောအသားအရည်​တွင်
ထိုကဲ့သို့ဖြစ်​​နေသည်​မှာရင်​နာရသည်​.....

ခဏအကြာတွင်​ရင်​ခွင်​ထဲမှလှုပ်​လာသူ​လေး.....
ရင်​ခွင်​ထဲမှ​မော့ကြည့်​လာ​သော
မျက်​၀န်းလှလှတို့သည်​ရင်​ခွင်​ထဲမှသူ့ကို
ကြည့်​​နေ​သောမျက်​၀န်းတို့ကိုမြင်​သည်​နှင့်
ခေါင်းပြန်​ငုံ့ကာရင်​ခွင်​ထဲတိုးဝင်​​တော့သည်​......

သူ့ရဲ့အိမ်​​ရှေ့စံ​လေးရှက်​​နေပြီဖြစ်​ရမယ်​......

" ဟွန်း....... "

မေးဖျား​လေးကို ကိုင်​ကာ​မော့​စေ​တော့
မျက်​လွှာတို့ကိုချထား​လေရဲ့.......

" ကိုယ့်​ကိုကြည့်​ပါဦး......ဟမ်​...... "

မ၀ံ့မရဲနှင့်​​မော့ကြည့်​လာသူ​လေးရဲ့
ပါးပြင်​နုနုကိုခပ်​ဖွဖွနမ်းလိုက်​သည်​......

" ချန်း​နော်​........ "

မျက်​​စောင်းလှလှလက်​​ဆောင်​ပြန်​ရ၏......
ချစ်​ရသူကအရှက်​သည်း​နေ​သေးသည်
ဖြစ်​ရမည်​........

Beyond The Boundary [ ChanHun OTP ]​Where stories live. Discover now