Love is not over (Taekook yaoi)
အပိုင်း(၁)
အချိန်အားဖြင့် ည၁၁နာရီခွဲခန့်၊ပြိုင်ကားများမောင်း သည့်highway ကွင်းတစ်ခုတွင် ဖြစ်သည်။
"Ready~~~1,2,3 Go!"
ဘွန်း...ဘွန်း...ဘွန်း..ဝူးးးးးးး......
အလံကိုင်ထားသည့်မိန်းကလေးမှ အလံစအား ၃ခါလွှင့်လိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ကားများအလျိုလျို ထွက်ကာ တရှိန်ထိုးမောင်းနှင်သွားကြသည်။
"ဝေး.....ယေး.....ငါတို့နိုင်မှာကွ မောင်းထားကွ! "
"ဟေး.....မောင်းထားကွ !"
အားပေးသံများတစ်ယောက်တစ်ပေါက်နှင့် ကားဝင်းတစ်ခုလုံးဆူညံသွားသည်။ ပြိုင်ကားများမှာလည်း သူပြိုင်ကိုယ်ပြိုင် ၊ အနိုင်မခံ အရှုံးမပေး အရှိန်ပြင်းစွာ မောင်းနှင်၍ အသားကုန် ယှဉ်ပြိုင်နေကြသည်။
"အဟင်း....ဒီပွဲမှာငါနိုင်စေရမယ် ကြည့်ထား!"
"မင်းလောက်ကတော့သနားတယ် ငါ့အစွမ်းပြရသေးတာပေါ့ ဘယ်ကောင်မှ ငါ့ကိုမနိုင်ဖူးဘူး ပွဲတိုင်းကျော်ကငါပဲကွ!"
ဝူး.......ဘွန်း ဘွန်း.....!
ခဏအကြာ.....
"ယေး.....Kim tae hyung !Kim tae hyung! Kim tae hyung! "
"တောက်! ရှုံးပြီကွာ Jung jimin ဘယ်လိုဖြစ်တာလဲ ဒီကောင် ဘယ်သူ့ကိုမှမရှုံးဖူးဘူးပါဘူးကွာ"
"ယေး....အစ်ကိုTae hyungကွ ချစ်တယ် အစ်ကို ချစ်တယ် "
မိန်းကလေးတချို့နဲ့ ကျွန်တော့်ဘက်က လောင်းကြေးထပ်ကြတဲ့သူတချို့ရဲ့ အားပေး ချီးကျူးသံတွေက တစ်ကွင်းလုံး ဆူညံ သွားသည်။ အတူပြိုင်သည့် ကားမောင်းသမားတချို့ကလဲ ကျွန်တော့်ကိုအားကျဟန်ဖြင့်မြှောက်ပင့်ပြောဆိုကြသည်။
"Kim tae hyungမင်းက ဒီလောကမှာဆရာဖြစ်သွားပြီကွ!"
"ဟုတ်တယ် အရင်ကဆို ဟိုကောင် jiminကသာ ပွဲတိုင်းအနိုင်ယူနေတာ အခုတော့ ဒီကောင့်ကိုနိုင်တဲ့သူပေါ်လာပြီ"
"တောက်! ဟျောင့် Kim tae hyung ဆင်းခဲ့စမ်း ကားပေါ်က! "
"ဟ! ဘာဖြစ်တာလဲ ကိုယ့်လူ ရှုံးလို့ ညစ်နေတာလား ကိုယ့်ကိုဘာလို့ဒေါသထွက်နေလဲ"
YOU ARE READING
Love Is Not Over
Fanfictionပျင်းနေရင်ဒီစာအုပ်ကိုဖတ်ပါ မပျင်းလဲဖတ်ဗျာ😝 Taekook &Yoonmin (Yaoi) 18+ Story by Author Jeon