ခွပ်! !!
"အား..."
လူမိုက်အုပ်စုတစ်စုက နတ်ဆိုးဆိုသည့်လူအား
တိုင်တွင်လက်နောက်ပြန်ကြိုးတုတ်ကာ
ရိုက်နှက်နှိပ်စက်နေကြသည်။နတ်ဆိုး၏မျက်နှာတစ်ပြင်လုံးမှာ
ထိုးကျိတ်ခံထားရသည့်ဒဏ်ရာများက
အပြည့်နေရာယူထားပြီးပါးပြင်နဲ့နှုတ်ခမ်းတို့ မှသွေးများ
အလိမ်းလိမ်းစီးကျနေ၏အသံမထွက်နိုင်၊
ခေါင်းမမော့နိုင်သည်အထိပင်သူတော်တော်
အားလျော့နေလေသည်။
သို့သော်လဲ ထိုလူမိုက်များကအဆက်မပြတ်ထိုးကျိတ်နေကြဆဲ။ခွပ်! ခွပ်!
"ရပ်လိုက်တော့!"
ထိုအသံပိုင်ရှင်ကတော့ ဥက္ကဌကင်နမ်ဂျွန်းဖြစ်သည်။
"ဟင်းဟင်း ဘယ်လိုလဲ နတ်ဆိုး "
Namjoon ညစ်ထေးထေးပြုံးကာ
နတ်ဆိုး၏မျက်နှာကိုဆွဲမော့လိုက်သည်။"အရမ်းနာကျင်နေလား ဒီ နာကျင်မှုတွေကိုအဆုံးသတ်ပေးရမလား ဟားဟား"
"ခ..ခင်ဗျား...လူယုတ်မာ..."
"ဘာ...ငါကလူယုတ်မာ?...ဟား..ဟားဟား ...ဟားဟား "
Namjoon စိတ်လွတ်လက်လွတ်ကိုဟားတိုက်ရယ်နေသည်။
" ငါကလူယုတ်မာဆိုရင်မင်းကဘာများလဲ ဟားဟား ကဲပါအချိန်တွေကုန်တယ် ပြော မင်းအဲဒါကိုဘယ်မှာဝှက်ထားသလဲ နတ်ဆိုး "
"မ...မပြောဘူး... ဘယ်တော့မှ "
"ဟုတ်လား မင်းကဒီလောက်အသားနာနေတာတောင်
ခေါင်းကျောကမာနေတုန်း ဘာလဲ ငါမင်းကိုအသေသတ်ပေးမှမင်းမှတ်မှာလား နတ်ဆိုး ""ခင်...ခင်ဗျား ကျူပ်ကိုသတ်လိုက်ရင်...
အဲဒါဘယ်မှာရှိနေတယ်ဆိုတာ တစ်သက်လုံး သိမှာမဟုတ်တော့ဘူး...ပြီးတော့ခင်ဗျားဘဝကြီးလဲအဆုံးသတ်သွားလိမ့်မယ် အဟင်း...သတ်လေသတ်ချင်ရင်...
ကျူပ်ကရောဘာမှမပြင်ဆင်ထားဘူးထင်နေလား...ဟားဟား "နတ်ဆိုးတစ်ယောက် အဓိပ္ပာယ်ရှိသောစကားတချို့ကိုပြောကာ
နာကျင်နေတဲ့ကြားကရယ်မောနေသည်"ဘာ...!ဘာပြောတယ် မင်းကဒီအခြေအနေမှာတောင်
ငါ့ကိုခြိမ်းခြောက်ရဲတယ်? ငါတောင်းနေတာကိုအသာတကြည်ပေးစမ်းပါကွာ
မင်းမသေချင်သေးရင်....ဟင့်အင်း မင်းအမေ ဒုက္ခ မရောက်စေချင်ရင်ပေါ့ "
YOU ARE READING
Love Is Not Over
Fiksi Penggemarပျင်းနေရင်ဒီစာအုပ်ကိုဖတ်ပါ မပျင်းလဲဖတ်ဗျာ😝 Taekook &Yoonmin (Yaoi) 18+ Story by Author Jeon