part 3

1.1K 100 5
                                    

Love is not over (taekook yoonmin yaoi)

အပိုင်း(၃)

နာရီပိုင်းကြာသည်အထိ ထိုင်စောင့်ပြီးနောက် လေဆိပ်ရှေ့သို့ ဇိမ်ခံကားအပြာလေး တစ်စီး စိုက်ရောက်လာသည်။ ကားပေါ်က ဆင်းလာသည့် အသားဖြူဖြူ ရုပ်ချောသည့် လူတစ်ယောက် ဟိုကြည့်ဒီကြည့်နှင့် လူရှာနေပုံရ၍ သေချာကြည့်မိရာ နှစ်ယောက်မရှိသော သူငယ်ချင်း Min yoongi ဖြစ်နေပေသည်။

"ဟေး....Min yoongi ငါဒီမှာ "

"ဟာ! Jeon jung kook ~~သူငယ်ချင်း "

"Yoongi ~~"

သူငယ်ချင်းနှစ်ယောက် တစ်ယောက်နာမည်တစ်ယောက်အော်ကာ ဝမ်းသားအားရ ပြေးဖက်လိုက်ကြသည်။

"ဝမ်းသာလိုက်တာ သူငယ်ချင်း ရာ ငါမင်းကို တွေ့ချင်နေတာ ကွ"

"အေးကွာ ငါလဲ ဝမ်းသာတယ် Yoongi "

"Jungkook မင်းအရင်ကထက်ပိုချောလာတယ်ကွာ ငါမနည်းရှာရတယ်"

"ငါလည်း မင်းမှဟုတ်ရဲ့လားလို့ကြည့်နေတာ မင်းမှန်းသိတာနဲ့ခေါ်လိုက်တာ"

"အေး... လမ်းမှာကားတွေပိတ်နေလို့ နောက်ကျသွားတယ် sry ကွာသူငယ်ချင်း "

"ရပါတယ် ဘာမှမဖြစ်ပါဘူး "

"ကဲ!ဒါဆို သွားရအောင် လေ အိမ်ပဲတန်းသွားမလား?"

"နေဦး ဟျောင့် ငါဗိုက်ဆာတယ် တစ်ခုခုစားပြီးမှ သွားရအောင် နော် "

"အိုခေလေ ဒါဆို လဲ တစ်ဆိုင်ဆိုင်ဝင်ပြီး သွားစားရအောင် ပေး!မင်းအိတ် ငါဆွဲပေးမယ်"

"ရော့! မလေးဘူး ပေါ့ပေါ့လေး "

မတွေ့တာကြာသည့် သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနှင့် ဆိုင်တစ်ဆိုင်သို့ သွားရန် လေဆိပ်ရှေ့မှ ထွက်ခဲ့ကြသည်။

........................................................................

"Jimin! ရောက်ပြီ ဆင်းရအောင် "

"အေး ဆင်းမယ် တော်သေးတာပေါ့ ရောက်လာသေးလို့"

"အေးကွာ ကားတွေပိတ်တာ မြင်မကောင်းဘူး ကားက လိပ်သွားသွားနေရတယ်"

"လာ သွားမယ် အထဲဝင်ရအောင်"

ထို့နောက် Showroomထဲသို့ဝင်၍ ခင်းကျင်းထားသည့် အမိုက်စား ပြိုင်ကားများကို လှည့်ပတ်ကြည့်လိုက်သည်။

Love Is Not OverWhere stories live. Discover now