Love is not over (taekook, Yoonmin)
အပိုင်း(၄)
နေ့လယ်စာ စားပြီးနောက် Jae hee နဲ့အတူ ကားပြိုင်ကွင်းဆီသို့ ထွက်လာခဲ့သည်။
ကွင်းထဲရောက်သော်Jae heeကားပေါ်ကဆင်းကာ ကော်ဖီဆိုင်သို့ကော်ဖီဝယ်ရန်ထွက်သွားသည်။
နေ့လယ်စာစားပြီးတိုင်း ကော်ဖီသောက်တတ်တာ ကျွန်တော့အကျင့်မဟုတ်လား....ထိုအကျင့်ကို ကျွန်တော့်ဘော်ဒါအရင်းတိုင်းသိကြသည်။
ခဏအကြာ..ကော်ဖီခွက်၂ခွက်ကိုင်၍ အနားသို့ရောက်လာပြီး...
"ရော့! မင်းအတွက် "
"အေး..ကျေးဇူး"
သူလှမ်းပေးသည့်ကော်ဖီခွက်ကိုယူကာ ပြုံးပြလိုက်ပြီး တစ်ငုံမော့လိုက်ရုံရှိသေး
ဂျယ်ဟီးတစ်ယောက်အားမနာတမ်း
မေးခွန်းများတသီကြီးမေးလေတော့သည်။"Tae Hyung! မင်းနဲ့Jung Jiminဘယ်လိုပက်သတ်သလဲ?မင်းအစ်ကိုလိုချစ်ရတဲ့ စီနီယာ Min Ho hyung ကရော အခုဘယ်မှာလဲ? မင်းတို့ကြားမှာဘာတွေဖြစ်ခဲ့တာလဲ? မနှစ်ကပြိုင်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိချင်တယ် ငါသိတာတွေကလည်း တစ်စိတ်တစ်ပိုင်း ဟိုနည်းနည်းဒီနည်းနည်းဆိုတော့ မင်းသူငယ်ချင်းတစ်ယောက်အနေနဲ့ငါ့ကို ပြောပြလို့ရရင်ပြောပြပေးမလား?"
"အဟင်း...အေးပါကွာ ငါပြောမှာပါ"
"အေး ပြော!"
"၈လပိုင်း၂၀ရက် ၂၀၁၇ခုနှစ် ကြာသပတေးနေ့
အဲ့ဒီရက်စွဲကိုငါဘယ်တော့မှမမေ့ဘူးJae hee""အေး ဆက်ပြော သူငယ်ချင်း "
"အဲ့ဒီနေ့က...."
ကလင်ကလင် ~~
စကားပြောရန်ပြင်လိုက်ခါမှ ဘောင်းဘီ အိတ်ထဲရှိဖုန်းသံမြည်လာသောကြောင့် ပြောလက်စစကားပြတ်သွားသည်။
"ခဏနော် ဟျောင့်! "
ဘော်ဒါတစ်ယောက်ဆီမှဖုန်းလာ၍ ဖုန်းပြောရန် မတ်တပ်ရပ်လိုက်သည်။ ဖုန်းပြောပြီးနောက်...
Jae hee က"Tae Hyung ! ဆက်ပြောလေ "
"တော်ပြီကွာ မပြောတော့ဘူး နောက်တော့ အကြောင်းစုံသိလာမှာပေါ့ "
YOU ARE READING
Love Is Not Over
Fanfictionပျင်းနေရင်ဒီစာအုပ်ကိုဖတ်ပါ မပျင်းလဲဖတ်ဗျာ😝 Taekook &Yoonmin (Yaoi) 18+ Story by Author Jeon