Introduction

2.4K 96 20
                                    

ရှောင်​ပိုင်​ရွဲ့ လက်​ဆွဲ​တော်​ဓားကိုခပ်​တင်းတင်းဆုပ်​ကိုင်​ထားမိသည်​။ သူ၏စိတ်​အ​ခြေအ​နေအတိုင်းသာဆိုပါက ဤလူအုပ်​အားစက္ကန့်​မကြာအပြတ်​ရှင်းကာ ဤအိမ်​​တော်​အတွင်းမှအမြန်​ဆုံးပင်​ထွက်​​ပြေးသွားချင်​​သော်​ငြား စိတ်​လိုက်​မာန်​ပါလုပ်​၍မရ။ သူ၏​ရှေ့ မျက်​နာမူရာတည့်​တည့်​တွင်​ အသက်​တမျှတန်​ဖိုးထားချစ်​ခင်​ရပါ​သောညီ​တော်​သည်​ သူ၏ထွက်​လမ်းကို​ရှေ့ဆုံးက​နေမားမားမတ်​မတ်​ပိတ်​ဆို့​နေပါ​ပေ၏။

"​ကျေးဇူးပြုပြီးအစ်​ကို့လုပ်​ရပ်​​တွေကိုရပ်​လိုက်​ပါ​တော့။ ကျွန်​​တော့်​ကိုမသနားရင်​​တောင်​ မျိုးရိုးစဉ်​ဆက်​ထိန်းသိမ်းလာခဲ့တဲ့ဒီအိမ်​​တော်​ရဲ့ဂုဏ်​သိက္ခာကို​တော့​လေးစားပါ။ ပြီး​တော့ အခုသွားမယ်​ဆိုရင်​အစ်​ကို့အတွက်​လည်းအရမ်းအန္တာရာယ်​များလွန်းတယ်​"

ညီ​တော်​ထံက​နေ​ဘေးပတ်​ဝန်းကျင်​ကိုသူတစ်​ချက်​​ဝှေ့ကြည့်​လိုက်​မိသည်​။

မီးပြာကျ​နေပြီဖြစ်​​သောအ​ဆောင်​​တော်​များ ​ရေအသွယ်​သွယ်​စီးဆင်း​နေ​သောစမ်း​ချောင်း​​က​လေးသည်​လည်း​သွေးချင်းရဲရဲနီလို့။ ​မြေပြင်​​ပေါ်တွင်​လည်းအ​လောင်း​ကောင်​များဟိုဟိုဒီဒီပြန့်​ကျဲ၍​နေ၏။ ယခင်​က ကျက်​သ​ရေအဖြာဖြာနှင့်​ရှုမငြီးဖွယ်​ဖြစ်​ခဲ့​သော​ရှောင်​မျိုးနွယ်​အိမ်​​တော်​သည်​ကား ယခုအ​ခြေအ​နေနှင့်​လားလားမှမဆိုင်​။

မှားခဲ့ပြီ။ ​ရှောင်​အိမ်​​တော်​ရဲ့အကြီးဆုံးသားတစ်​​ယောက်က လူအများရို​သေ​လေးစားချစ်​ခင်​ရတဲ့သူ့လိုအလင်းတိုင်းပြည်​ရဲ့သူရဲ​ကောင်းတစ်​​ယောက်​က ယခုကဲ့သို့​လုပ်​ရပ်​မျိုးအားလုပ်​ရက်ခဲ့လိမ့်​မည်​ဟု အဘယ်​သူက​တွေးမိမည်​နည်း။

ရှေ့ဆက်​မတိုးဘဲ ဒီ့ထက်မဆိုးခင်​ရပ်​လိုက်​ရင်​​ကောင်း​ပေမည်​လား။

ဒါ​ပေမဲ့ မင်းကို​ရော... ငါမြတ်​နိုးရတဲ့မင်းကို​ရော

အားလုံး​ကောင်းဖို့အတွက်​ပဲလျစ်​လျူရှုလိုက်​ရ​တော့မလား။

From Darkness...To Light Where stories live. Discover now