"သခင်လေးရှောင်ပိုင်ရွဲ့ ကျွန်တော့်ကိုရှောင်အိမ်တော်ရဲ့ဂိုဏ်းသားအဖြစ်လက်ခံပေးလို့ရမလား"
အဖြစ်အပျက်နည်းသနာသည်ရုတ်ချည်းဖြစ်သွားရသည်မို့ သူသည်နံဘေးတွင်ရပ်နေသောတစ်ယောက်သောသူထံအားကိုးမိ၏။
"အစ်ကိုဟွေ့ကျွင်း ဘယ်လိုသဘောရပါသလဲ "
ဤမေးခွန်းသည် အစကနဦးကတည်းက မိမိဖြေစရာမလိုသောမေးခွန်းပေတည့်။ လက်ရှိဂိုဏ်းချုပ်သည်ကွယ်လွန်ခဲ့ပေပြီမို့ ဂိုဏ်းချုပ်၏ပထမမြောက်သားတော်သည် အလိုလိုပင်ဂိုဏ်းချုပ်အရာမြောက်သွားပြီဖြစ်၏။ သို့တိုင်ရာ အတိုင်ပင်ခံအမတ်ဟူသောဂုဏ်ပုဒ်၏လုပ်နိုင်စွမ်းသည်ကား အမည်နာမနှင့်လိုက်လျောညီစွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်မဟုတ် ဖြစ်သင့်ဖြစ်ထိုက်သည်ကိုအကြံဥာဏ်ပေးရုံသက်သက်သာပင်။ ကျန်သည့်အမှုကိစ္စများသည် ဂိုဏ်းချုပ်၏အလိုဆန္ဒအရပင်ဖြစ်၏။
မနိမ့်လွန်းမမြင့်လွန်းသောအသံသာသာဖြင့်ပြန်လည်တုံ့ပြန်လိုက်၏။
"လက်ရှိဂိုဏ်းချုပ်က သခင်လေးပိုင်ရွဲ့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ဝင်ရောက်မစွက်ဖက်သင့်ပါဘူး ဒါပေမဲ့ ဂိုဏ်းရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်နေလို့ သေချာလေးစဉ်းစားဖို့တော့အကြံပေးလိုပါတယ် "
အသက်၁၆နှစ်ဟူသောအရွယ်နှင့်ဂိုဏ်းချုပ်ဖြစ်လာရခြင်းသည် သူ့အတွက်တော့ မေတ္တာစမ်းရေပန်းအားခူးဆွတ်ရသည်ထက် အဆရာထောင်သောင်းမကပို၍ပင်ခက်ခဲသောအရာတစ်ခုပင်ဖြစ်၏။ ကြံရာမရဖြစ်သောအခါ အရှေ့မှဂိုဏ်းသားများထံမေးခွန်းဆိုမိရသည်။
"ဒီကအဆွေတို့ရဲ့သဘောကရော"
အနှီမေးခွန်းသည်မိမိတို့ထံမြှားဦးလှည့်လာသောအခါ ဂုဏ်မာန်ဝင့်ချီနေကြသောဂိုဏ်းသားတစ်သိုက်တို့သည် အပေါက်အပြဲပါသောဝတ်ရုံအားဝတ်ဆင်ထားသော ကောင်လေးအားကြည့်ပြီးနှာခေါင်းရှုံ့ကြလေသည်။ မျိုးရိုးမြင့်များဖြင့်သာဖွဲ့စည်းထားပြီး ဇာတ်နိမ့်မျိုးရိုးစုများလက်မခံသည့်ဤဂိုဏ်းထဲတွင် သူဖုန်းစားကဲ့သို့အသွင်အပြင်ရှိသောကောင်လေးတစ်ယောက်အား အဘယ်သူကဂိုဏ်းသားအဖြစ်လိုလိုလားလားလက်ခံနိုင်လိမ့်မည်နည်း။
YOU ARE READING
From Darkness...To Light
Historical Fictionငါမင်းကိုတစ်ခါမှရန်သူလို့မတွေးမိဖူးဘူး ပိုင်ရှောင်းယွမ်။ Chinese Historical Ficလေးပါ။ Mysteryဖြစ်တာလည်းနည်းနည်းပါပါတယ်