အပိုင်း-(၃)

325 36 11
                                    

သူတို့နှစ်​ဦးဂိုဏ်းထဲကထွက်​လာပြီး​ ပွဲ​တော်​နားတစ်​ဝိုက်​​ရောက်​သည့်​အချိန်​​ ကောင်းကင်​ယံထက်​တွင်​ လမင်းထိန်​ထိန်​သာလျက်​ ညချမ်းအခါ​ရောက်​​နေပြီတည့်​။

မှန်​သည်​။ ဤ​သည်​ကား ရွန်းလဲ့​တောက်​ပအလှတန်​ဆာဆင်​​သောလပြည့်​ဝန်းအား အထူးပသာပြု၍ကျင်းပသည့်​​ ငွေလဝန်းပွဲ​တော်​ဖြစ်​​ပေ၏။

ပွဲ​တော်​၏ထူးခြားချက်​သည်​ကား ညသန်း​ခေါင်​ယံ အချိန်​အားဖြင့်​ ၁၂နာရီတိတိတွင်​ အလင်းတိုင်းပြည်​တစ်​ခုလုံးမှပြည်​သူအ​ပေါင်းတို့သည်​​ဆေး​ရောင်​စုံတို့ဖြင့်​အလှခြယ်​ထား​သောမီးပုံးတို့်​အား သူ့ထက်​ငါအပြိုင်​ဝယ်​ကြ၍ ​ကောင်းကင်​ယံထက်​သို့လွှတ်​တင်​ကြခြင်းဖြစ်​​ပေရာ ပွဲ​တော်​​နေ့ ညသန်း​ခေါင်​ယံအချိန်​တွင်​ အလှမီးပုံးတို့ဖြင့်​​ဝေဆာ​နေ​တော့၏။

ဤသည်​သာမက ပို၍သာလွန်း​သောထူးခြားချက်​သည်​ကား ထိုမီးပုံးတို့အားမလွှတ်​တင်​ခင်​ လိုချင်​​သောဆုတစ်​ခု​တောင်းပါက အမှန်​ပင်​ပြည့်​ဝသည်​ဟူ၍ပင်​။

ပိုင်ေ​ရှါင်းယွမ်သည် ​​​မိမိ၏အကြံအစည်​ထ​မြောက်​​အောင်​မြင်​​စေရန်​အလို့ငှါ နံ​ဘေးရှိပိုးဟပ်​ဖြူ​လေးအား အနီးအနားရှိ​သေရည်​ဆိုင်​ထံသို့​ခေါ်သွားလိုက်​​ချေ၏။

သို့တို်​င်​ရာ စားပွဲထိုး​လေးလာချ​ပေးသွား​သော​သေရည်​အိုးအား အနှီပိုးဟပ်​ဖြူသည်​လက်​ဖျားနှင့်​​တောင်​မတို့ဘဲ မိန့်​မိန့်​ကြီးထိုင်​​နေ​လေ​သောအခါ မ​နေနိုင်​သူကပင်​စကားစရ​ချေ​တော့၏။

"ဂိုဏ်းချုပ်​ကိုတစ်​ခွက်​​လောက်​ငှဲ့​ပေးချင်​ပါတယ်​"

"​နေ​ပါ ကျွန်​တော်​​​ကမ​သောက်​တတ်​ဘူး မင်း​သောက်​ချင်​မယ်​ထင်​လို့အ​ဖော်​လိုက်​လာ​ပေးတာ "

"ဒါဆိုရင်​​တော့စိတ်​မ​ကောင်းဖြစ်​ရပြီ ဂိုဏ်းချုပ်​ကကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ခင်​မင်​မှုကိုအ​လေးမထားဘူးဆိုတာပြလိုက်​တာပဲ "

From Darkness...To Light Where stories live. Discover now