အပိုင်း-(၄)

283 34 13
                                    

"အစ်​ကို့ကို​ပြောသားပဲ အဲ့ဒီ​ကောင်​ကို ဂိုဏ်းထဲမသွင်းပါနဲ့လို့ အခု​တော့ %$€*&@':;#"

ဂိုဏ်းသားငယ်​​လေးထံမှစကားကိုကြားကြားချင်း ​ရှောင်​လီကျင်းသည်​ အစ်​ကို​တော်ထံသွား၍ ပြသာနာကို အတည်​ပြုပြီး ချက်​ချင်းလက်​ငင်းပင်​တရားခံဆိုသည့်​အ​ကောင်​အား သတ်​မည်​ဖြတ်​မည်​တကဲကဲဖြစ်​​နေ​လေရာ ​ရှောင်​ပိုင်​ရွှဲ့၏အ​ခြေအ​နေသည်​ကား မတည်​ငြိမ်​​သေးသည်​မို့ ​အချိန်အတိုင်းအတာတစ်ခုထိေ​​​စာင့်ရန် ​​ရှောင်​ဟွေ့ကျွင်း  မနည်း​ဖြောင့်​ဖျထားခဲ့ရသည်​။

ယခုတွင်​ ​ရှောင်​ပိုင်​ရွှဲ့သည်​လည်း အရက်​ခိုး​ပြေ​နေပြီမို့ ​မိမိ၏ညီ​တော်​ အာမနာလျှာမ​ညောင်း​ပြော​နေသည်​ကို​ ဇောင်းကုတင်​ထက်​တွင်​  အသာမှီကာနား​ထောင်​​နေပါ​လေ၏။

"ကျွန်​​တော်​​ပြောတာကြားရဲ့လား အစ်​ကိုကမသနားသင့်​တဲ့သူကိုအလကားအကြင်​နာပို​နေတာ "

ရှောင်​ပိုင်​ရွဲ့သည်​ ကိုယ့်​အမှားနှင့်​ကိုယ်​မို့ တစ်​စွန်းတစ်​စမျှဝင်​မ​ထောက်​ရဲ။ သို့ရာတွင်​ ​ရှောင်​​ဟွေ့ကျွင်းမှာမူ ခံရတဲ့သူထက်​ မူပိုပြကာ ငရံ့တစ်​​ကောင်​လိုမျိုးဖြတ်​ဖြတ်​လူးပြ​နေ​သော အနှီ​ကောင်​​လေးအား လုံးဝ လုံးဝကိုကြည့်​မရ​တော့​ချေ။

သူသည်​ သည်းခံနိုင်​စွမ်းကုန်​သွားသည့်​နှယ်​...

"ဒီကိစ္စမှာ တကယ့်​တကယ်​ခံရတဲ့သူက မင်းလား? မင်းအစ်​ကိုလား? အရမ်းအပို​တွေလုပ်​မ​နေနဲ့ "

ရှောင်​​အမတ်​၏စကားမှာ တည့်​ထိသွားပုံရသည်​။ ​ရှောင်​လီကျင်းသည်​ ခနမျှမှိုင်သွားပြီးေ​နာက် ​မဆိုင်းမတွ ချက်​ချင်းပင်​ပြန်​ပက်​ပါ၏။

"ခင်​ဗျား!! အတိုင်​ပင်​ခံအမတ်​ကအမတ်​ပီသ​အောင်​​နေမှ​ပေါ့ ဘယ့်​နှယ့်​ သူများမိသားစုကိစ္စအထိ လိုက်​ပါ​နေရတယ်​လို့ "

"ဘာ!! အခု​ရောငါကအမတ်​ပီသ​အောင်​မ​နေလို့လား ငါသာမရှိကြည့်​ မင်းလိုလူမျိး​ကြောင့်​ ဂိုဏ်းကစုတ်​ပြတ်​​နေ​လောက်​ပြီ "

From Darkness...To Light Where stories live. Discover now