အပိုင်း-(၁)

748 54 11
                                    

မျက်​​မှောင်​ကျုံ့ကာတစ်​စုံတစ်​ရာကို​တွေး​တော​နေဟန်​ပုံရ​သော​ကြောင့် ​အ​ဖြေ​လေးသိလာနိုးငြား​စောင့်​ဆိုင်း​နေကြ​သော်​ငြား တစ်​ဦးကစိတ်​မရှည်​​တော့သည့်​နှယ်​ဟစ်​​ကျွေးလာ​တော့သည်​။

"အလင်းတိုင်းပြည်​ ​တော​တောင်​​ရေ​မြေတို့ရဲ့အရှင်​သခင်​ ​ရှောင်​အိမ်​​တော်​ရဲ့တစ်​ဦးတည်း​သောအတိုင်ပင်ခံ​​ပညာရှိအမတ်​ ​ရှောင်​​ဟွေ့ကျွင်း​လေ မင်းတကယ်​ကြီးမသိတာ? "

သူကဘာမှထပ်​မပြောဘဲခပ်​​အေးသာသာပင်​ပုခုံးတွန့်​ပြလိုက်​၏။

"မသိဘူး​လေ ​ရှောင်​အိမ်​​တော်​ရဲ့သား​တော်​ဆိုတိုင်းလူတကာနဲ့ရင်းနှီးကျွမ်းဝင်​​နေရ​မှာလည်းမဟုတ်​ "

လူငယ်​​လေးများသည်​ မည်သို့မျှမတတ်နိုင်ေ​​တာ့သည့်နှယ် ​​​​အစီအရီပင်​သက်​ပြင်းချမိ​လေ​တော့၏။ 

ရှောင်​လီကျင်း အားရပါးရရယ်​​မောရင်း​ပြောလိုက်​သည်​။

"စတာပါကွာ ဂိုဏ်းထဲမှာ​အဲ့ဒီ​လောက်​နာမည်​ကြီး​နေတဲ့သူကိုငါကမသိစရာလားလို့ "

တစ်​ဦးကဝင်​​ပြောလာသည်​။

"ဟမ်​? ငါတို့​တောင်​မသိတာမင်းကသိ​နေတယ်​? ​ပြောစမ်းပါအုံး ဘာ​တွေဘယ်​လိုများနာမည်​ကြီး​နေလို့တုန်း ဒီ​လောက်​သမာသမတ်​ကျပြီးတည်​ကြည်​တဲ့သူကအဆိုးဘက်​က​နေနာမည်​ကြီးတာ​တော့မဖြစ်​​နိုင်​လောက်​ဘူး "

"ဟုတ်​တယ်​ မှန်​တယ်​ အတိုင်​ပင်​ခံအမတ်​ကဒီ​လောက်​သ​ဘော​ကောင်းပြီးကြင်​နာတတ်​တာ ​သေချာ​ပေါက်​အ​ကောင်းဘက်​ကပဲနာမည်​ကြီး​လောက်​တယ်​ "

သူငယ်​ချင်းဘက်​မပါဘဲ သူတို့၏အမတ်​သာလျှင်​ကြီးကျယ်​မြင့်​မြတ်​​ကြောင်းမြည်​တမ်း​နေကြ​သော အ​ပေါင်းအပါများကို​ကြည့်​ကာစိတ်​ထဲမှမ​ကျေနပ်​စွာဟစ်​​ကျွေးလိုက်​သည်​။

: ဟွန်း! မင်းတို့အ​ပေါ်ဘဲကြင်​နာတတ်​တာ​နေမှာပါ :

လူငယ်​​လေးတစ်​ဦးသည်​အ​ဖြေကို​စောင့်​ဆိုင်း​နေရသည်​မှာသည်းမခံနိုင်​​တော့သည့်​နှယ်​...

From Darkness...To Light حيث تعيش القصص. اكتشف الآن