ရှောင်ပိုင်ရွဲ့ လက်ဆွဲတော်ဓားကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူ၏စိတ်အခြေအနေအတိုင်းသာဆိုပါက ဤလူအုပ်အားစက္ကန့်မကြာအပြတ်ရှင်းကာ ဤအိမ်တော်အတွင်းမှအမြန်ဆုံးပင်ထွက်ပြေးသွားချင်သော်ငြား စိတ်လိုက်မာန်ပါလုပ်၍မရ။ သူ၏ရှေ့ မျက်နာမူရာတည့်တည့်တွင် အသက်တမျှတန်ဖိုးထားချစ်ခင်ရပါသောညီတော်သည် သူ၏ထွက်လမ်းကိုရှေ့ဆုံးကနေမားမားမတ်မတ်ပိတ်ဆို့နေပါပေ၏။
"ကျေးဇူးပြုပြီးအစ်ကို့လုပ်ရပ်တွေကိုရပ်လိုက်ပါတော့။ ကျွန်တော့်ကိုမသနားရင်တောင် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့တဲ့ဒီအိမ်တော်ရဲ့ဂုဏ်သိက္ခာကိုတော့လေးစားပါ။ ပြီးတော့ အခုသွားမယ်ဆိုရင်အစ်ကို့အတွက်လည်းအရမ်းအန္တာရာယ်များလွန်းတယ်"
ညီတော်ထံကနေဘေးပတ်ဝန်းကျင်ကိုသူတစ်ချက်ဝှေ့ကြည့်လိုက်မိသည်။
မီးပြာကျနေပြီဖြစ်သောအဆောင်တော်များ ရေအသွယ်သွယ်စီးဆင်းနေသောစမ်းချောင်းကလေးသည်လည်းသွေးချင်းရဲရဲနီလို့။ မြေပြင်ပေါ်တွင်လည်းအလောင်းကောင်များဟိုဟိုဒီဒီပြန့်ကျဲ၍နေ၏။ ယခင်က ကျက်သရေအဖြာဖြာနှင့်ရှုမငြီးဖွယ်ဖြစ်ခဲ့သောရှောင်မျိုးနွယ်အိမ်တော်သည်ကား ယခုအခြေအနေနှင့်လားလားမှမဆိုင်။
မှားခဲ့ပြီ။ ရှောင်အိမ်တော်ရဲ့အကြီးဆုံးသားတစ်ယောက်က လူအများရိုသေလေးစားချစ်ခင်ရတဲ့သူ့လိုအလင်းတိုင်းပြည်ရဲ့သူရဲကောင်းတစ်ယောက်က ယခုကဲ့သို့လုပ်ရပ်မျိုးအားလုပ်ရက်ခဲ့လိမ့်မည်ဟု အဘယ်သူကတွေးမိမည်နည်း။
ရှေ့ဆက်မတိုးဘဲ ဒီ့ထက်မဆိုးခင်ရပ်လိုက်ရင်ကောင်းပေမည်လား။
ဒါပေမဲ့ မင်းကိုရော... ငါမြတ်နိုးရတဲ့မင်းကိုရော
အားလုံးကောင်းဖို့အတွက်ပဲလျစ်လျူရှုလိုက်ရတော့မလား။
YOU ARE READING
From Darkness...To Light
Historical Fictionငါမင်းကိုတစ်ခါမှရန်သူလို့မတွေးမိဖူးဘူး ပိုင်ရှောင်းယွမ်။ Chinese Historical Ficလေးပါ။ Mysteryဖြစ်တာလည်းနည်းနည်းပါပါတယ်