Ch 11

643 54 4
                                    

11. Sports Competition
     part 2 (Volume 1)

''မင်းဦး‌လေးဆုံးသွားလို့လား''

YMကမျက်‌ရည်‌‌တွေ‌ကိုသုတ်‌
ပစ်‌လိုက်‌ပြီးလှည့်‌ကြည့်‌‌တော့
YQနဲ့မျက်‌နှာချင်းဆိုင်‌သွားတယ်‌
'' ‌ပြောထားမယ်‌‌နော်‌ ငါဒီ‌နေ့
ခံစားချက်‌မ‌ကောင်းဘူး
ရန်‌လာမစနဲ့''
YQကဒူး‌ခေါင်းနဲ့ YM‌ကျောကို
တို့လိုက်‌ပြီး စတယ်‌ ''ဘယ်‌သူက
မင်းကိုရန်‌စ‌နေလို့လဲ''

YM ရုတ်‌တရက်‌ကျားနာ‌လေး
တစ်‌‌ကောင်‌လိုဖြစ်‌လာပြီး
YQရဲ့‌ခြေ‌ထောက်‌ကိုလှမ်းဖက်‌
လိုက်‌ပြီး‌အော်‌‌တော့တယ်‌
''လာကြပါဦးဗျို့ YQ ကျွန်‌‌တော့်‌ကို
ချ‌နေပါတယ်‌''

YMဆိုတာအားကသာနည်းတာ
အသံက‌တော့ကျယ်‌သလားမ‌မေးနဲ့။
အားကစားကွ‌င်းပြင်‌တစ်‌ခုလုံး
ပဲ့တင်‌ထပ်‌သွားပြီး စာသင်‌ခန်းထဲက
လူ‌တွေ‌ပါကြားနိုင်‌တယ်‌။ YQ
လန့်‌သွားပြီး YMပါးစပ်‌ကိုမြန်မြန်‌
ပိတ်‌လိုက်‌ရတယ်‌။
''တိတ်‌စမ်း''

YMအသံမထွ‌က်‌လာ‌တော့ဘူး။
တစ်‌မိနစ်‌‌လောက်‌ကြာပြီး‌တော့
YQ လက်‌‌စိုစွ‌တ်‌လာတာကို
ခံစားမိလို့ လက်‌ကိုဖယ်‌လိုက်‌တယ်‌။
YMက‌မြေပြင်‌ကိုလက်‌သီးဆုပ်‌နဲ့
ထုထုပြီးငိုပြန်‌တယ်‌ အရမ်းနာကျင်‌
‌နေတဲ့ပုံပဲ။

''ဘာ....ဘာလို့ငိုတာလဲ''

YQစိတ်‌မသက်‌မသာခံစားရတယ်‌
''ငါ အားမသုံးလိုက်‌ပါဘူး''

''မင်း‌ကြောင့်‌မဟုတ်‌ဘူး''
YMကနှာရှုပ်‌လိုက်‌ပြီး ‌မှောင်‌မဲ
‌နေတဲ့‌ကောင်းကင်‌ကို နာကျင်‌မှု
အပြည့်‌နဲ့‌မော့ကြည့်‌တယ်‌။

''ငါနာကျင်‌တာကို
မင်းနားမလည်‌ပါဘူး ငါ့ကို
တစ်‌‌ယောက်‌ထဲ‌ပေး‌နေပါ
ငိုလို့ပြီးရင်‌အဆင်‌‌ပြေသွား
လိမ့်‌မယ်‌''

''ငါကဘာလို့နားမလည်‌ရမှာလဲ''

YQကတင်‌ပလ္လင်‌‌ခွေ‌ထိုင်‌လိုက်‌ပြီး
တည်‌ငြိမ်‌တဲ့မျက်‌နှာထားနဲ့
'' မီတာ၅၀၀၀‌ပြေးတာ‌ကြောင့်‌
မဟုတ်‌လား''

''မင်းကဘယ်‌လိုလုပ်‌သိတာလဲ''

''မင်းပဲ‌ပြောတာ‌လေ'' YQက
YMကိုစိတ်‌ပျက်‌လက်‌ပျက်‌
ကြည့်‌တယ်‌။

The story of Meng Qi Qi (Myanmar Translation)Where stories live. Discover now