13. Sports Competition
Part 4 (Volume 1 )BLYက လူယုတ်မာ၂ယောက်ရဲ့
နှောင့်ယှက်မှုကနေမနည်းရုန်းနေ
ရတယ်....လူယုတ်မာနှစ်ယောက်
ရှေ့နောက်ပိတ်ညှပ်ထားတုန်းက
လွတ်ဖို့အားသုံးလိုက်ရလို့ အခု
အရှေ့ရောက်အောင်ပြေးလိုက်နိုင်
ပေမယ့်အားလျော့လာပြီ။GHကပြေးလမ်းဘေးမှာရောက်
နေပြီးဖြစ်ပေမယ့် LXYဆွဲထား
တာကြောင့် ပြေးလမ်းထဲကိုမ၀င်
လိုက်နိုင်ဘူး။ ဒါပေမယ့် BLY
ကိုတော့ပြောလိုက်တယ်
'' ၃မီတာအကွာအဝေးကို
ထိန်းထား''
GHအသံကိုကြားလိုက်တော့
BLYစိတ်အေးသွားတယ်။BLYက၃ခါပတ်ပြီးတဲ့အထိ
အရှိန်ကိုထိန်းထားနိုင်တယ်။
ဟိုလူတွေကအနောက်မှာဆိုပေမယ့်
အရမ်းတော့မဝေးဘူး။ နှစ်ယောက်က လျှင်မြန်တဲ့အရှိန်နဲ့ပြေးနေပေမယ့် BLYကလဲအားစိုက်ပြေးတာ
ကြောင့်အရှေ့ကဦးဆောင်နေနိုင်
တုန်းပဲ။ ပရိသတ်တွေဆီကလဲ
အားပေးသံကျယ်ကျယ်ကြား
ရတယ်။အဲ့ဒီအချိန်မှာပဲ BLYဘေးကို
GHရောက်လာတယ်။BLYကပင်ပန်းနေပေမယ့်
ပြေးနှုန်းကိုထိန်းထားနိုင်တုန်းပဲ။
LXYကြောင့် BLYသ၀န်တိုနေလို့
GHဖက်လှည့်ပြီးစိတ်ဆိုးဆိုးနဲ့
မေးလိုက်တယ်
'' ဘာလို့ငါ့နောက်လိုက်
လာတာလဲ ''GHကခပ်ရွှင်ရွှင်ပြန်ဖြေတယ်
'' မင်းကိုလွမ်းလို့ ''ပရိသတ်တွေကတော့ ဒီနှစ်ယောက်ကဘာလို့
ရင်းရင်းနှီးနှီးစကားပြောနေကြ
တာလဲလို့အံ့သြရင်း ဟိုဟိုဒီဒီ
လျှောက်တွေးကုန်ကြတယ်
ပြောတဲ့ပုံစံကလဲချစ်သူတွေလိုလို
ဘာလိုလိုဆိုတော့။ပြီးတော့ ဒီလောက်ပင်ပင်ပန်းပန်း
ပြေးနေရတဲ့အချိန် ဘေးကနေ
လိုက်စတာကို ဘယ်အပြေးသမားက
ဒီလိုသည်းခံနိုင်မှာလဲ။''Fighting , Fighting
Baby အသက်ကိုထိန်းရှု
ပြီးတော့မှာ...''F***.....GHရဲ့အားပေးသံကို
ကြားလိုက်ရတဲ့ BLYခမျာ
ပြေးနေတာမဟုတ်ပဲ ကလေးပဲ
မွေးနေတာလိုလိုခံစားရတယ်။
YOU ARE READING
The story of Meng Qi Qi (Myanmar Translation)
RomanceOriginal author - Chai Ji Dan English translator - fingers_and_paws အတတ်နိုင်ဆုံးအဆင်ပြေအောင် ဘာသာပြန်ပါ့မယ် ဖတ်ရတာ အဆင်မပြေခဲ့ရင် သည်းခံပေးပါရှင်။