12. Sports Competition
Part 3 (volume 1)YQက လှံတံပစ်ပြိုင်ပွဲဝင်ဖို့အတွက်
သတ်မှတ်နေရာမှာရပ်နေတယ်။
ပြိုင်ပွဲမှာ ကျောင်းရဲ့ပေါ်ပြူလာ
YQပါနေတာကြောင့် သာမန်နဲ့
မတူပဲ စိတ်ဝင်စားမှုများပြီး
လာကြည့်တဲ့သူတွေများတယ်။
ကင်မရာရာပေါင်းများစွာက
YQကိုဝိုင်းချိန်ထားကြတယ်။
ကံကောင်းချင်တော့ YQရတဲ့
နံပါတ်စဉ်ကအဆင်ပြေတော့
ဖိအားသိပ်မများလို့ မီတာ၅၀၀၀
တာဝေးပြေးပြိုင်ပွဲကိုချောင်းကြည့်
လို့ရတယ်။YMကစိတ်ဓာတ်ခိုင်မာတဲ့ပုံနဲ့
ပြေးလမ်းမှာရပ်နေတော့ YQ
ကျေနပ်သွားတယ်။ YM ပြီးတဲ့
အထိပြေးနိုင်ပါစေလို့ YQတိတ်
တိတ်လေးဆုတောင်းမိတယ်။
ပြီးတော့ BLYကိုကြည့်လိုက်
တယ်။အချက်ပေးတဲ့သေနတ်ဖောက်တော့
စပြေးကြပြီ။ လူတွေရဲ့အလယ်
လောက်မှာ BLYကပုံမှန်နှုန်းနဲ့
ပြေးနေတယ်။ YMက BLYရဲ့
အနောက်သိပ်မဝေးတဲ့နေရာက
ပြေးနေတယ်။ YMအားနည်းနည်း
စိုက်ပြီးပြေးနေတော့နောက်ဆုံးမှာ
တော့မဟုတ်ဘူး။ပြေးတဲ့လူတွေ လှံတံပစ်ရမယ့်
နေရာနားရောက်လာတော့
YQကအော်လိုက်တယ်
''Yinzi fighting !''BLYကပြုံးပြသွားတယ်။
YMလဲဘေးကနေဖြတ်ပြေး
သွားတော့ YQအော်လိုက်
ပြန်တယ် ''ဟေး YM လုံးဝ
မပြေးနိုင်တော့တဲ့အခါကျရင်
ရပ်လိုက်''YMကYQကိုစိုက်ကြည့်သွားတယ်။
ပြေးနေကြတဲ့လူအုပ်ကြီးရဲ့အလယ်
မှာ YMရဲ့ခန္ဓာကိုယ်သေးသေး
လေးလေးကကြံ့ခိုင်ပြီးသတ္တိရှိတဲ့
ပုံပေါက်နေတယ်။ တခြားသူတွေက
အတန်းရဲ့အားပေးမှုရပေမယ့်
YMမှာတော့ အတန်းရဲ့အားပေးသံ မကြားရဘူး။တကယ်တော့ YMကိုသနားဖို့
မလိုဘူး ဘာလို့လဲဆိုတော့ ပြိုင်ပွဲမစခင်ကတည်းက YMက
အတန်းဖော်တွေကိုပြောထား
ပြီးသား '' ငါ့ကိုအားမပေးနဲ့
နာမည်လဲမခေါ်နဲ့ ငါပြိုင်ပွဲကို
အေးအေးဆေးဆေးပဲပြိုင်ပါရစေ''
YOU ARE READING
The story of Meng Qi Qi (Myanmar Translation)
RomanceOriginal author - Chai Ji Dan English translator - fingers_and_paws အတတ်နိုင်ဆုံးအဆင်ပြေအောင် ဘာသာပြန်ပါ့မယ် ဖတ်ရတာ အဆင်မပြေခဲ့ရင် သည်းခံပေးပါရှင်။