Ch 14

579 51 0
                                    

14. '' The couple '' drinks with BLY ( Volume 1 )

အထက်‌တန်းတတိယနှစ်‌ရဲ့
နှစ်‌၀က်‌ကုန်‌ခဲ့ပြီ........

BLYက တက္ကသိုလ်‌၀င်‌ခွ‌င့်‌
စာမေးပွဲကို‌ကောင်း‌ကောင်းမွ‌န်‌မွ‌န်‌
‌ဖြေဆိုနိုင်‌ဖို့အတွ‌က်‌ ကြိုတင်‌ပြင်‌ဆင်‌
တဲ့အ‌နေနဲ့ ပြိုင်‌ပွဲမျိုးစုံကိုဝင်‌ပြိုင်‌တယ်‌။

GHက‌တော့ သူ့အစ်‌ကိုဝမ်းကွဲ
Gu Yang က အကူအညီလိုလို့
လှမ်း‌ခေါ်တာနဲ့ ၂ပတ်‌‌လောက်‌သွား
‌နေရမယ်‌။ GHသွားပြီးလို့
တစ်‌စက္ကန့်‌အကြာမှာတင်‌
BLYကလွ‌မ်း‌နေပြီ။

______________________

ည‌နေ‌ကျောင်းဆင်းလို့ BLY
အိမ်‌ပြန်‌ဖို့အထွ‌က်‌မှာ အခန့်သင့်‌ပဲ
YQကိုကျောင်းဂိတ်‌မှာ‌တွေ့‌
လိုက်‌ရတယ်‌။

'' မင်းကဘာလို့ထွက်‌လာတာလဲ''
BLYက‌မေးလိုက်‌တယ်‌။

YQကလမ်း‌လျှောက်‌ရင်းနဲ့‌
'' ‌ကျောင်းအိပ်‌‌ကျောင်းစား
‌နေရတာအဆင်‌မ‌ပြေလို့
တစ်‌ခြား‌နေရာ‌ပြောင်းမလို့ ''

BLYကသူ့‌ဘေးက‌လျှောက်‌‌နေတဲ့
စုံတွဲကိုကြည့်‌လိုက်‌တယ်‌,
တစ်‌‌ယောက်‌ကအရပ်‌ရှည်‌ပြီး
တစ်‌‌ယောက်‌ကအရပ်‌ပုတယ်‌ ၊
တစ်‌‌ယောက်‌က‌ချော‌မောစမတ်‌ကျပြီး
တစ်‌‌ယောက်‌ကကျ‌တော့လှပ
ချစ်‌စရာ‌ကောင်းတယ်‌ ၊  သူတို့
နှစ်‌‌ယောက်‌ယှဉ်‌တွဲပြီး‌လျှောက်‌
‌နေတာကိုကြည့်‌ရတာ ‌တော်‌‌တော်‌ လိုက်‌ဖက်‌တဲ့စုံတွဲတစ်‌တွဲလို
မြင်‌ရတယ်‌။ BLYရဲ့အ‌တွေး‌တွေ‌က သူကြား‌ခဲ့ရတဲ့‌ကောလဟလနဲ့
မြင်‌ခဲ့ရတဲ့ ပြုပြင်‌ထားတဲ့ဓာတ်‌ပုံ‌တွေ‌
ကြောင့်‌‌ပေါ်လာတာ။ ကြားရတဲ့
သတင်း‌တွေ‌ကအမှန်‌မဟုတ်‌မှန်း
သိ‌ပေမယ့်‌လဲ သူတို့၂‌ယောက်‌ကို
အတူတူမြင်‌လိုက်‌ရ‌တော့ BLY
မစပဲမ‌နေနိုင်‌‌တော့ဘူး။

'' မင်း သူ့အိမ်‌ကို‌ပြောင်းမှာ‌တော့
မဟုတ်‌ပါဘူး‌နော်‌ ? '' BLYက
YMကိုလက်‌ညိုးထိုးပြီး‌ပြောလိုက်‌
တယ်‌။

YQကခဏ‌ကြောင်‌သွားပြီး
‌နောက်‌‌ပြောင်‌ပြီးပြန်‌‌ဖြေတယ်‌ ''ဟုတ်‌တယ်‌ငါတို့အတူတူ‌နေကြ
ပြီ‌လေ''

The story of Meng Qi Qi (Myanmar Translation)Donde viven las historias. Descúbrelo ahora