(Zawgyi)
ကလေးငယ် အိပ်နေသော အခန်းတံခါးကို တိုးတိတ်စွာဖွင့်ကာ အိပ်ခန်းထဲသို့ ခန္တာကိုယ်တစ်ပိုင်းကို ကုန်းကာဘေးပတ်ဝန်းကျင်ကို မျက်လုံးဖြင့် ကစား၍ ကြည့်ရှူနေသော လူကြီး တနည်းအားဖြင့် ကလေးငယ်အားသည်းသည်းလုပ်ချစ်ရသော ကောင်လေးတယောက်
"ဒီပေါက်စ အိပ်နေတုန်းဘဲ..ကိုက်ချင်စရာလေး အိပ်နေတာကိုက ဟိဟိ လူကြီး သိက္ခာလေး ထိန်းဦးမှ"
အခန်းထဲ သို့ ခြေဖွဝင်၍ ကလေးငယ်ရဲ့ နဖူးပြင်အား မြတ်နိုးစွာ ဖွဖွလေးနမ်းလိုက်သည်
(နဖူးကိုနမ်းခြင်းသည် မိမိချစ်မြတ်နိုးရသူကို ကာကွယ်စောင့်ရှောက်လိုခြင်း ဖြစ်သည်)
နမ်းပီးသည်နှင့် ကလေး တွက်စာတိုလေး ရေး၍ ထွက်လာပေသည်
ယခု ချိန်ရှိ လူကြီးဆိုသူ ကောင်လေး ၏ စတိုင်မှာ
ရှပ်အင်္ကျီ အပြာနုနုလေး ကို ဝတ်ကာ အပေါ်မှ နက်ပြာရောင် coat လေးကို ဝတ်ထားပေ၏။
နက်ပြာဘောင်းဘီ ဖြင့် အမည်းရောင်ရှူးကို ဝတ်ကာ အိမ်အောက်ထပ်သို့ ဆင်းလာပေသည်"သခင်လေး..ဘယ်သွားမလို့လဲ"
"ကိစ္စလေးရှိလို့ ကလေးနိုးရင် မနက်စာကျွေးထားလိုက်ပါနော် ပီးတော့ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ထားပါလို့ပြောပေးပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
ကားသော့ကို ဝှေ့ယမ်းရင်း အိမ်ပြင်သို့ထွက်သွားသော လူကြီး အားကြည့်၍ အိမ်ထိန်း အဒေါ်ကြီး ထူးဆန်းနေမိသည်
..
တီ.တီ တီ
တီ.တီ.တီ
"အိပ်ချင်ပါတယ်ဆိုနေ.."
ကုတင်ဘေး စားပွဲရှိ alarmအား လက်ဖြင့် စမ်းနေသော ပေါက်စ
တီ တီ.တီ
"ငါနော်..ထပီ .ထပီ မအော်နေနဲ့တော့ "
Alarmအားဆွဲယူ ပိတ်လိုက်ရင်း
မျက်နှာပေါ်သို့ စာရွင်တစောင်ကျလာလေသည်
"ဘာချည်းလဲ.."
မျက်နှာကို ပွတ်လိုက်ရင်း
စာရွက်ကို ကြည့်လိုက်တော့📄 ကလေး
မှန်တင်ခုံပေါ်တင်ထားတဲ့ အဝတ်ကို
ညနေ၅နာရီလာ မခေါ်ခင် ဝတ်ထားနော်
ညနေမှ တွေ့မယ်နော် ပေါက်စ
ကိုယ့်ရဲ့ အသဲတစ်ခြမ်းလေး

YOU ARE READING
ကျနော်နဲ့ လူကြီး/ကျနော်နှင့်လူကြီး
Short StoryZawgyi / Unicode Just Memory? Fiction **NO RATE M**