Warning+++++(Zawgyi)
လူကြီးနဲ့ ကျနော် စကားမပြောဖြစ်ကြတာ တပတ်ကျော်ခဲ့ပီ
ကျနော့်ကိုဆို ရှိတယ်လို့တောင် သိရဲ့လားမသိ
သူ့ရှေ့မှာရပ်နေလဲ ကျနော့်ကို မမြင်တဲ့ပုံစံဖြင့် အမြဲဖြတ်လျှောက်သွားတယ် ညဆိုလည်း သူ့ရုံးခန်းထဲမှာဘဲ အချိန်ကုန်ဆုံးပြန်တယ် မနက်ဆိုလည်း အစောကြီး ရုံးကိုထွက်သွားတယ်ကျနော် တခုခုလိုအပ်နေတယ်လို့ ခံစားရတယ်
အစာလည်း မဝင် တပတ်အတွင်း စဉ်းစားခဲ့မိတာက
လူကြီး ကျနော့် အပေါ် ယုံကြည်မှူမရှိတော့ရင်လို့ စဉ်းစားမိရင်ဖြင့် မခံစားနိုင်ဒီလိုဖြစ်အောင် လုပ်ခဲ့တာလဲ ကျနော် ကိုယ်တိုင်ဘဲမလား..
ကိစ္စတွေရဲ့အစက
ကျနော်တို့ ကျောင်းကပွဲနေ့ကပေါ့
ကျနော် ကပွဲရဲ့ ထောင့်လေး တထောင့်မှာ ထိုင်ရင်း သူများတွေကတာကိုကြည့်နေရင်း လူကြီးနဲ့သာကရမယ်ဆိုရင်ဆိုပီး စိတ်ကူးရင်နေတဲ့ အချိန် အရှေ့မှာ ချောင်းဟန့်ရင်း ရပ်လာသော မိန်းကလေးတယောက်
မျက်နှာဖြူဖြူ ရီကျဲကျဲလေး လာပြောတော့ မျက်လုံး လေးက အထဲပြန်ဝင်သွားလောက်အောင် မှေးနေပင်မယ့် တမျိုး ချစ်စရာကောင်းနေပြန်ကော
ဆံပင်လေးကလဲ လည်အထောက်လောက်လေးကို ကောက်ထားတယ်လေ..နှာတံလဲ ဖြောင့်စင်းနေတာဘဲ"အဟမ်း..ဟို..ကမဲ့သူမရှိဘူးထင်တယ် ကျမနဲ့ ကပေးလို့ရလားရှင်"
"အော်..ဟုတ်.ဟုတ်..ရ.ရပါတယ်"
ဟမ်.ဘာရတာလည်း.ကျစ် ပါးစပ်ကတော့
ကျနော်လည်း ပြောပီးနေတော့ သူမစိတ်တိုင်းကျ ကပေးလိုက်မိတယ်ဆိုတာ အမှားတခုကို စတင်မှန်းမသိခဲ့
ကျနော် တို့ကပီး သွားလို့ ပြန်ဖို့လမ်းလျှောက်လာတဲ့အချိန်
"ဟို..ဟို..တယောက်...."
ခေါ်သံကြားလို့ လှည့်ကြည့်မိတဲ့အချိန် ခုနက ကောင်မလေး ခလုတ်တိုက်ပီး ကျနော့် အပေါ်ပြုတ်ကျခဲ့တယ် အနေအထားက ကျနောက်က ပလက်အနေအထားနဲ့နောက်လန်ကျပီး သူမက ကျနော့်အပေါ်မှောက်ယက် ဒါက ဒုတိယအမှား စတင်ခြင်း

YOU ARE READING
ကျနော်နဲ့ လူကြီး/ကျနော်နှင့်လူကြီး
Short StoryZawgyi / Unicode Just Memory? Fiction **NO RATE M**