Feeling For you

2K 42 0
                                    

တစ်ခုလောက်ပြောပြ ချင်မိတယ်
ကလေးပြောရင် ယုံမလား

လူကြီး ခဗျားဟာ ကျနော့် နှလုံးသားကို ချုပ်ကိုင်ထားတဲ့သူဆိုတာ

ခဗျား ကျနော်တွက် ရေးထားတဲ့စာမှန်သမျှ
မြတ်နိုးတယ်ဆိုတာ

ခဗျားရဲ့ ခံစားချက်တွေကို စာတွေကနေ
တဆင့် ခံစားရနေတယ်ဆိုတာ

ခဗျားရေးသားချက်တွေက တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေဘဲ ဗဟုသုတများစွာ ထည့်ရေးထားတယ်ဆိုတာ

ခဗျား ရဲ့ စာတွေထဲမှာ ကျနော့်ကို ဆိုလိုထားတယ်ဆိုတာတွေ

ခဗျား ဒီလောက်ထိတိုးတက်လာတယ်ဆိုတာ
ခဗျားကိုယ်တိုင် စိုက်ထုတ်ထားတဲ့အားတွေ အသိဥာဏ်တွေ ကို လေးစားတယ် ဆိုတာ

ကျနော်ဟာ ခဗျားရဲ့ နံပါတ်တစ် ပရိသတ်ဆိုတာ မေ့နေလျော့လား

ခဗျား ဘာဘဲဖြစ်နေနေ ကျနော် အားပေးနေမယ်ဆိုတာ

ခဗျား မျှော်လင့်ထားသလိုဖြစ်မလားတဲ့ ကျနော်က ခဗျားအတွက်ကြိုးစားနေတယ်ဆိုတာ

ခဗျား ကျနော့်ကိုချစ်တယ်ဆိုရင်
ခဗျားရဲ့ စာရေးသားခြင်း ကို လက်မလျှော့လိုက်ပါနဲ့

ခဗျားရဲ့ စာတွေကို တန်ဖိုးထားကာ မဖော်ပြတတ်စွာနဲ့ ရင်ထဲသိမ်းထားသော သူမှ

ကျနော်ကတော့ ခဗျားကို လင်လက်တောက်ပသောအရာကို
ပိုပေးချင်သောလူတယောက်

I love you
မပြောဖြစ်တာ ကြာခဲ့တယ်နော်

▪▪▪▪▪▪▪

Hi readersတို့
ကျနော် ficကို ရေးသားတာရပ်ပီး  ဒီလိုမျိုးလေးတွေပြောင်းရေးရင်ကော ကြိုက်မလား
မဟုတ်ရင် fic2ပိုင်းfeeling2ပိုင်းဆိုရင်ကော
ခဗျားတို့ရဲ့mentကို စောင့်နေပါမယ်နော်😊😊

ကျနော်နဲ့ လူကြီး/ကျ​နော်နှင့်လူကြီးWhere stories live. Discover now