ကျနော်ဟာ ကျနော့်ချစ်ရသူကို
သံသယဝင်စွာနဲ့
အထင်လွဲမိတဲ့သူတယောက်ဒီလိုလူမျိုးဟာ
ဘယ်လိုလုပ်ချစ်သူဖြစ်ထိုက်မှာလည်း........
မနက်စောစော ငှက်လေးများရဲ့ တေးသံသာကြောင့် နိုးထားလာပြီ ဖြစ်သော အနှီးပေါက်တယောက်
နှစ်ယောက်အိပ်ယာကုတင် ဖြစ်သည့်နှယ်
ကုတင် တဖက်တချက်မှာတော့
အေးစက်စွာနဲ့ရှိနေသည်ကိုအနှီးပေါက်တယောက် ထိတွေ့ခံစားမိလေသည်
ညစဉ်ညဆက် မတွေ့ရသည့်လူကြီးကို စိတ်ဆိုးနေသည့် အခြေအနေမှာရေနွေးအိုးကို ပွက်ပွက်ဆူအောင်တင်ထားသလို
ဒီဂရီအမြင့်ဆုံးထိရောက်နေပေသည်"$...ဒီလူကြီး အိမ်ပြန်မအိပ်ပြန်ဘူး"
အနှီးပေါက်တယောက် ဆောင့်အောင့်စွာထလာကာ
ရေချိုးခန်းထဲဝင် မျက်နှာသစ်ရင်း
မှန်ကြည့်ကာ
ကျိန်ဆဲနေမိသည်"မနက်စောစောနိုးလာရင်
ကျက်သရေကိုမရှိဘူး
အလုပ်တွေ့တာနဲ့ ကျားကိုက်တာ့မယ့်အတိုင်း မီးကုန်ယမ်းကုန်လုပ်နေတာ
ပြီးတော့ ပြောသေးတယ်
ဘာတဲ့...ကလေးကို ချစ်တယ်တဲ့😕
အလုပ်ကိုသာချစ်တယ်ပြောလိုက်ပါလား"အမူအရာမျိုးစုံလုပ်ရင်း ရေချိုးခန်းထဲမှထွက်လာတော့
လူကြီးနဲ့ တိုးလေသည်"ဟေး ခများကြီး
ဘယ်ကနေ ကုတ်ချောင်းကုတ်ချောင်း လုပ်ပီးပြန်လာတာလဲ"ထိုအခါ လူကြီးမှာ သွား၃၆ချောင်းပေါ်အောင်ရီပြကာ
"ကုတ်ချောင်းကုတ်ချောင်း မလုပ်ပါဘူးကလေးရဲ့
ခန အချိန်ရတုန်း ရေပြန်ချိုးတာ
လျို့ဝှက်အလုပ်ဆိုတော့ အရမ်းရှုပ်တာလေ"အနှီးပေါက်လေးက နှာခေါင်းရှုံ့ကာ
"ခများရဲ့နေ့တိုင်းစကားတွေက ဆင်ခြေဆင်လက်အဖျာဖျာနဲ့ပြည့်စုံလွန်းလို့ ဆင်နားရွက်တပ်ချိတ်တော့မယ်"
အနှီးပေါက်ရဲ့စကားကြောင့် လူကြီးမှာ အကျယ်ကြီးရီမောလိုက်ရင်း
"ဒါဆိုကိုယ်ရေချိုးလိုက်ဦးမယ်နော် ချစ်"
အနှီးပေါက်ရဲ့ နားနုနုနားကပ်ပြောရင်း ရေချိုးခန်းသို့ဒုန်းဆိုင်းပြေးထွက်သွားလေသည်
YOU ARE READING
ကျနော်နဲ့ လူကြီး/ကျနော်နှင့်လူကြီး
Short StoryZawgyi / Unicode Just Memory? Fiction **NO RATE M**